Friday 22 April 2011

[Myanmar weather watch] မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့်...

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံမေးမြန်းခြင်း   (Thursday, 21 April 2011 09:20 )      မြန်မာနိုင်ငံသည် မိုးကြိုကာလဖြစ်သော ဧပြီနှင့် မေ၊ မိုးလွန်ကာလဖြစ်သော အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ဘင်္ဂလားပင်လယ်အော် မုန်တိုင်းများကို သတိပြုရလေ့ရှိပြီး မိုးကြိုကာလ မုန်တိုင်းများ၏ သက်ရောက်မှုကိုလည်း ယခုနှစ်များအတွင်း ကြုံတွေ့ခဲ့ရသည်။  ၂၀၀၆ ခုနှစ်၊ ၂၀၀၇ ခုနှစ်၊ ၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ်တို့တွင် မိုးကြိုမုန်တိုင်းများ၏ သက်ရောက်မှုတို့ကို ကြုံတွေ့ခဲ့ရကာ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းမှာ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့သည်။ လက်ရှိကာလသည် မိုးကြိုကာလဖြစ်သည့် အတွက် မုန်တိုင်းဝင်ရောက်လေ့ ရှိတတ်ရာ မုန်တိုင်းအခြေအနေ၊ ရာသီဥတု အခြေအနေများနှင့် ပတ်သက်၍ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ .  .  .  မေး - လက်ရှိကာလမှာ ဖြစ်ပေါ်နေတဲ့ ရာသီဥတု အခြေအနေပေါ် သုံးသပ်ပေးပါဆရာ။  ဖြေ - ဧပြီလဆိုတာ ပူပြင်းခြောက်သွေ့တဲ့ သဘာဝရှိတဲ့ ရာသီဥတုမျိုးပါ။ ပြီးတော့ ဒီကာလမှာ လက်ရှိ ရာသီဥတုကလည်း လာနီညာဖြစ်နေတယ်။ ပူပြင်းတဲ့ ရာသီဥတုကြောင့် မြေပြင်တွေက ပူမယ်။ လာနီညာဖြစ် နေတဲ့အတွက် လေထုထဲမှာ ရေငွေ့ က ပါနေတယ်။ စွတ်စိုတဲ့ သဘာဝရှိနေတယ်။ ဒီနှစ်ခု သွားပေါင်းမိတဲ့ အခါမှာ မိုးတိမ်တောင်တွေ ဖြစ်လာမယ်။ မိုးတိမ်တောင်တွေ ဖြစ်တဲ့အတွက် အပူရှိန်က လျော့ကျသွားမယ်။ မိုးတိမ်တောင်ကျဲသွားရင် အပူချိန်က တက်လာမှာပဲ။ ဒီလိုပဲ ကစားသွားမှာပါ။ အရင်နှစ် ဒီကာလမှာ အယ်လ်နီညိုဖြစ်တဲ့အတွက် တိမ်ဖြစ်တဲ့ဖြစ်စဉ်တို့၊ မိုးရွာတဲ့ဖြစ်စဉ်တို့ မရှိခဲ့ဘူး။ ဒီနှစ်တော့ အရင်နှစ်လို ပူပေမယ့် လာနီညာရှိနေတဲ့အတွက် လေက ရေငွေ့ပါတဲ့ လေတွေဖြစ်လာမယ်။ မိုးအုံ့တာ မျိုးတွေရှိမယ်။ တစ်ခါတလေ မိုးရွာတာမျိုးတွေ ဖြစ်နေမှာပါ။ အပူချိန် တက်လာတဲ့အခါမှာ နောက်က တိမ် က လိုက်လာမယ်။ မိုးကမရွာဘူးဆိုရင် အပူချိန်တက်လာမယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ အဲဒီအပူချိန် တက်လာပြီး နောက်တစ်နေ့မှာ မိုးတိမ်တောင်တွေ ဖြစ်မယ်။ မိုးရွာမယ်။ မိုးရွာတော့ အပူချိန်ပြန်ကျသွားမယ်။  ဒါကြောင့် ဒီနှစ်က မနှစ်ကလို လူတွေ အပူဒဏ် အပြင်းအထန်ခံစားရ တာမျိုး၊ ရေတွင်း၊ ရေကန်တွေ အကုန်ခန်းခြောက်တာမျိုးကို ကြုံတွေ့ဖို့ အခွင့်အရေး နည်းပါတယ်။
Aung Myin Oo 22 April 07:06
မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံမေးမြန်းခြင်း (Thursday, 21 April 2011 09:20 )

မြန်မာနိုင်ငံသည် မိုးကြိုကာလဖြစ်သော ဧပြီနှင့် မေ၊ မိုးလွန်ကာလဖြစ်သော အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ဘင်္ဂလားပင်လယ်အော် မုန်တိုင်းများကို သတိပြုရလေ့ရှိပြီး မိုးကြိုကာလ မုန်တိုင်းများ၏ သက်ရောက်မှုကိုလည်း ယခုနှစ်များအတွင်း ကြုံတွေ့ခဲ့ရသည်။

၂၀၀၆ ခုနှစ်၊ ၂၀၀၇ ခုနှစ်၊ ၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ်တို့တွင် မိုးကြိုမုန်တိုင်းများ၏ သက်ရောက်မှုတို့ကို ကြုံတွေ့ခဲ့ရကာ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းမှာ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့သည်။ လက်ရှိကာလသည် မိုးကြိုကာလဖြစ်သည့် အတွက် မုန်တိုင်းဝင်ရောက်လေ့ ရှိတတ်ရာ မုန်တိုင်းအခြေအနေ၊ ရာသီဥတု အခြေအနေများနှင့် ပတ်သက်၍ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ . . .

မေး - လက်ရှိကာလမှာ ဖြစ်ပေါ်နေတဲ့ ရာသီဥတု အခြေအနေပေါ် သုံးသပ်ပေးပါဆရာ။

ဖြေ - ဧပြီလဆိုတာ ပူပြင်းခြောက်သွေ့တဲ့ သဘာဝရှိတဲ့ ရာသီဥတုမျိုးပါ။ ပြီးတော့ ဒီကာလမှာ လက်ရှိ ရာသီဥတုကလည်း လာနီညာဖြစ်နေတယ်။ ပူပြင်းတဲ့ ရာသီဥတုကြောင့် မြေပြင်တွေက ပူမယ်။ လာနီညာဖြစ် နေတဲ့အတွက် လေထုထဲမှာ ရေငွေ့ က ပါနေတယ်။ စွတ်စိုတဲ့ သဘာဝရှိနေတယ်။ ဒီနှစ်ခု သွားပေါင်းမိတဲ့ အခါမှာ မိုးတိမ်တောင်တွေ ဖြစ်လာမယ်။ မိုးတိမ်တောင်တွေ ဖြစ်တဲ့အတွက် အပူရှိန်က လျော့ကျသွားမယ်။ မိုးတိမ်တောင်ကျဲသွားရင် အပူချိန်က တက်လာမှာပဲ။ ဒီလိုပဲ ကစားသွားမှာပါ။ အရင်နှစ် ဒီကာလမှာ အယ်လ်နီညိုဖြစ်တဲ့အတွက် တိမ်ဖြစ်တဲ့ဖြစ်စဉ်တို့၊ မိုးရွာတဲ့ဖြစ်စဉ်တို့ မရှိခဲ့ဘူး။ ဒီနှစ်တော့ အရင်နှစ်လို ပူပေမယ့် လာနီညာရှိနေတဲ့အတွက် လေက ရေငွေ့ပါတဲ့ လေတွေဖြစ်လာမယ်။ မိုးအုံ့တာ မျိုးတွေရှိမယ်။ တစ်ခါတလေ မိုးရွာတာမျိုးတွေ ဖြစ်နေမှာပါ။ အပူချိန် တက်လာတဲ့အခါမှာ နောက်က တိမ် က လိုက်လာမယ်။ မိုးကမရွာဘူးဆိုရင် အပူချိန်တက်လာမယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ အဲဒီအပူချိန် တက်လာပြီး နောက်တစ်နေ့မှာ မိုးတိမ်တောင်တွေ ဖြစ်မယ်။ မိုးရွာမယ်။ မိုးရွာတော့ အပူချိန်ပြန်ကျသွားမယ်။ ဒါကြောင့် ဒီနှစ်က မနှစ်ကလို လူတွေ အပူဒဏ် အပြင်းအထန်ခံစားရ တာမျိုး၊ ရေတွင်း၊ ရေကန်တွေ အကုန်ခန်းခြောက်တာမျိုးကို ကြုံတွေ့ဖို့ အခွင့်အရေး နည်းပါတယ်။

"အခုချိန်ဟာ မိုးကြိုကာလဖြစ်တဲ့ အတွက် မုန်တိုင်းဝင်တတ်လို့ မုန်တိုင်း ၀င်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ သတိထားဖို့က အရေးကြီး ပါတယ်။ ပြည်သူလူထုအနေနဲ့ ဒီနေ့လောက်ကနေ စပြီးနောက် မေလ ၂၀ လောက်ထိကာလမှာ မိုးလေ၀သသတင်းတွေကို သတိပြုစေချင်ပါတယ်"

မေး - မိုးတိမ်တောင်တွေ ဖြစ်ရင် ဖြစ်တတ်တဲ့ အကြောင်းအရာတွေကို ပြော ပြပေးစေလိုပါတယ်။

ဖြေ - မိုးတိမ်တောင် ဖြစ်လာဖို့ရှိတဲ့အတွက် သတိထားရမှာက မိုးကြိုးပစ်တာတို့၊ လေပြင်းတိုက်တာတို့ တစ်ခါတလေ သိပ်ပြီး အခြေအနေ ဆိုးရင် လေဆင်နှာမောင်း တိုက်တာတွေပါ ပါလာတတ်တယ်။ အဲဒီတော့ မုတ်သုံမ၀င်ခင်ကာလတွေမှာ မိုးတိမ်တောင် အန္တရာယ်ကို သတိထားဖို့ လိုပါတယ်။



မေး - အခုရာသီဥတုက လာနီညာ ဖြစ်နေတဲ့ အနေအထားလို့ ဆရာပြောထားတော့ လာနီညာကရော ဘယ် အချိန်ထိ ရှိနိုင်ပါသလဲ။

ဖြေ - အခုလာနီညာက မတ်လမှာ မပြီးဘဲ မေလအထိ ဆက်သွားတာကို က ခေါင်းခဲစရာပါပဲ။ ဒါက ဂျပန် မိုးလေ၀သပညာရှင် တွေရဲ့လေ့လာချက်ပါပဲ။ ဒါကို သတိပေးထားပါတယ်။ ၀က်ဘ်ဆိုက်မှာလည်း အမြဲတမ်း update လုပ်ပေးနေပါတယ်။ အရေးကြီးဆုံးက ကြိုတင်ကာကွယ်မှု လုပ်ဖို့လိုအပ်လာရင် မလုပ်ဘဲမနေ ဖို့လိုပါတယ်။ ကြိုတင်ကာကွယ်မှု လိုအပ်တဲ့ နေရာဆိုတာ ကမ်းရိုးတန်း ဒေသတွေကို အဓိကပြောတာပါ။

မေး - ဧပြီလနဲ့ မေလအတွင်းမှာ ဘင်္ဂလား ပင်လယ်အော်အတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေကို လည်း ခန့်မှန်းပေးစေလိုပါတယ်။

ဖြေ - မုတ်သုံမ၀င်ခင် မိုးကြိုကာလတွေ ဖြစ်တဲ့ ဧပြီ၊ မေလတွေမှာ မုန်တိုင်းကတော့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ကိုဖြစ်မှာပဲ။ မိုးကြိုကာလမှာ မုန်တိုင်းတစ်လုံးတော့ ဖြစ် နိုင်တယ်။ အတိတ်ကို ပြန်လေ့လာ ကြည့်ရင်လည်း မိုးကြိုကာလမှာ ဖြစ်တဲ့မုန်တိုင်းတွေရဲ့ ၄၆ ရာခိုင်နှုန်း က မြန်မာကို ၀င်တတ်တယ်။ ဒါ ကြောင့် ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း နှစ်ကြိမ်ဖြစ်ရင် တစ်ကြိမ်ဝင်တဲ့ သဘောပါပဲ။ ဒါ့အပြင် မုန်တိုင်းဝင်ဖို့ အမြင့်ဆုံးကာလကလည်း ဒီမိုးကြိုကာလပဲဖြစ်တယ်။ လွန်ခဲ့တဲ့ ငါးနှစ်တာကာလလုံး မေလအတွင်း မှာ မြန်မာကိုနှစ်တိုင်း မုန်တိုင်းဝင်ခဲ့တယ်။ လာနီညာလည်း ဖြစ်နေတယ်။ စာရင်းအင်းနည်းနဲ့ လေ့လာတော့လည်း ဒီကာလက ၀င်တတ်တယ်ဆိုရင် ဘယ်လို မိုးလေ၀သပညာရှင် ကမှ အရေးမကြီးဘူးလို့ ပြောမှာ မဟုတ်ပါဘူး။ ဒီကာလကတော့ သတိထားရမှာပဲ။ ပြီးရင်နောက် လေးလဖြစ်တဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလအထိ အေးဆေးနေ လို့ရတယ်။ အောက်တိုဘာ၊ နိုဝင်ဘာ ကျရင်တော့ ပြန်သတိထားရမယ်။ အထူးသဖြင့် ရာသီဥတု ပြောင်းလဲနေတဲ့ အခုလိုကာလမျိုးမှာ မဖြစ်နိုင်ဘူး ဆိုတဲ့အရာ ဘာမှမရှိပါဘူး။



မေး - တကယ်လို့ မုန်တိုင်းဖြစ်မယ် ဆိုရင် အင်အားက ဘယ်လောက်ဖြစ် နိုင်မလဲ။

ဖြေ - ၁၉၇၈ ခုနှစ်နောက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ဖြစ်တဲ့အရေအတွက်က ၄၀ ရာခိုင် နှုန်းလျော့ကျသွားပါတယ်။ မုန်တိုင်း ဖြစ်တဲ့ အရေအတွက်လျော့သွားတယ်။ လေ့လာမှုအရ မုန်တိုင်းဖြစ်တဲ့ အရေအတွက် လျော့သွားရင် ဖြစ်တဲ့မုန် တိုင်းတွေကတော့ အားပိုကြီးတတ်တယ်။ နိုင်ငံတကာစံနှုန်းနဲ့ပြောရရင် အမည်တပ်မုန်တိုင်း (Naming Storm) တွေ ဖြစ်လေ့ရှိတယ်။ အမည်တပ်မုန်တိုင်းဆိုတာ လေတိုက်နှုန်း တစ်နာရီ ၇၅ မိုင်အထက်တိုက်မှ အမည်တပ်ပါတယ်။ အဲဒီတော့ နောက်ပိုင်းမှာ အားကြီးတဲ့မုန်တိုင်းတွေဖြစ် လာစရာအကြောင်းရှိပါတယ်။



မေး - မြန်မာနိုင်ငံအတွင်းကို ဒီနှစ် မုတ်သုံလေ ၀င်ရောက်မယ့် အချိန်ကို လည်း သိပါရစေ။

ဖြေ - အခု မုတ်သုံလေဦးက အီကွေတာကျော်လာပြီ။ ဒါပေမယ့် အီကွေတာ ကျော်ရုံလေးပဲ ရှိသေးတယ်။ လောလောဆယ် အကြမ်းဖျဉ်းပြောရရင် မုတ်သုံလေက မလေးရှားကို အရင်ဝင်မယ်။ ပြီးရင် ထိုင်းကို ၀င်မယ်။ ထိုင်းပြီးရင် မြန်မာ တနင်္သာရီ ကို ၀င်မယ်။ ဒီတော့ခန့်မှန်းတာက မုတ်သုံလေက မေလ ၁၅ ရက်ထက် စောပြီး မ၀င်နိုင်သေးဘူး။ ၁၅ ရက် နေ့ ၂၀ ရက်လောက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းကို ၀င်မယ်လို့မှန်း ပါတယ်။ ၂၀ ကနေ ၂၅ လောက် မြစ်ဝကျွန်းပေါ်ကို ၀င်မယ်။ မေလ ကုန်ပိုင်းဆိုရင် မြန်မာနိုင်ငံအလယ်ပိုင်း ကိုဝင်မယ်။ ဇွန်လဆန်းလောက် မြန်မာနိုင်ငံမြောက်ပိုင်းကို ၀င်ရောက်နိုင်ပါတယ်။ ပြောရရင် မေလကုန် ဇွန်လဆန်းမှာ တစ်နိုင်ငံလုံးကို မုတ်သုံ ၀င်ရောက်မှာ ဖြစ်ပါတယ်။



မေး - မြန်မာနိုင်ငံက စိုက်ပျိုးရေး အဓိကနိုင်ငံ ဖြစ်နေဆဲဆိုတော့ စိုက်ပျိုးဖို့ မိုးရေရရှိနိုင်မှု အပိုင်းကိုလည်း သိပါရစေ။

ဖြေ- ဒီနှစ် မိုးဦး သိပ်မညံ့နိုင်ပါဘူး။ မိုးလယ်က အသင့်အတင့်လောက် ရှိမယ်။ မိုးနှောင်းကတော့ ညံ့ရင်လည်း ညံ့နိုင်တယ်။ ကောင်းရင်လည်း ကောင်းနိုင်တယ်။ ဘယ်အပေါ်မူတည်လည်း ဆိုတော့ လာနီညာ နှစ်ဖြစ်ရင် မိုးနှောင်း ကောင်းနိုင်ပါတယ်။ မဖြစ်ရင် မိုးနှောင်းမကောင်း နိုင်ပါဘူး။ လာနီညာထပ်ဖြစ်မဖြစ် ဆိုတာကိုတော့ လာမယ့် သြဂုတ်၊ စက်တင်ဘာလောက်ဆိုရင် ပြောလို့ ရပါပြီ။



မေး - မိုးလေ၀သနဲ့ ရာသီဥတု အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေကို ပြည်သူတွေ awareness ရှိလာအောင် ပြောပြပေးစေချင် ပါတယ်။

ဖြေ- လောလောဆယ် အခြေအနေ က ထင်ဟပ်ပြီး ပြောရမယ်ဆိုရင် အခုချိန်ဟာ မိုးကြိုကာလဖြစ်တဲ့အတွက် မုန်တိုင်းဝင်တတ်လို့ မုန်တိုင်းဝင် သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ သတိထားဖို့က အရေးကြီးပါတယ်။ ပြည်သူလူထု အနေနဲ့ ဒီနေ့လောက် ကနေစပြီး နောက်မေလ ၂၀လောက် ထိကာလမှာ မိုးလေ၀သသတင်း တွေကို သတိပြုစေချင်ပါတယ်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment