Saturday 16 April 2011

Re: [Myanmar weather watch] ဒီနေ့ သင်္ကြန် အတက်နေ့ နေ့လည် ၁း၀၀ နာရီ ပုံ။ ကမ္ဘာ့...

အဲဒိ  စာပေးစာယူ ဘီအက်စီ  မိုးလေ၀သ ပညာရှင်ကြီး ဗျူးထားတာ ကို  http://www.facebook.com/l/9096fSxljD6vcvpjuFnrjJdJHMw/www.mmweather.com မှာ mail group မှာ ရယူပါ။ အအေး လွန်ပါမယ်လို့ သူလဲ ဗျူးပီးရော မအေးတော့ဘူး၊ အဲ သူ့ရဲ့ ယောက္ခမတော့ တော်တော် အဆင်ပြေ သွားတယ်ဆိုပဲ။ စောင်ကုန်သည်တွေ တဲ့။ ( ဒါ - အတင်းပြောနေတာပါ)
Myanmar Weather 16 April 09:58
အဲဒိ စာပေးစာယူ ဘီအက်စီ မိုးလေ၀သ ပညာရှင်ကြီး ဗျူးထားတာ ကို http://www.facebook.com/l/9096fSxljD6vcvpjuFnrjJdJHMw/www.mmweather.com မှာ mail group မှာ ရယူပါ။ အအေး လွန်ပါမယ်လို့ သူလဲ ဗျူးပီးရော မအေးတော့ဘူး၊ အဲ သူ့ရဲ့ ယောက္ခမတော့ တော်တော် အဆင်ပြေ သွားတယ်ဆိုပဲ။ စောင်ကုန်သည်တွေ တဲ့။ ( ဒါ - အတင်းပြောနေတာပါ)
Original post
Myanmar Weather
Myanmar Weather16 April 02:54
ဒီနေ့ သင်္ကြန် အတက်နေ့ နေ့လည် ၁း၀၀ နာရီ ပုံ။ ကမ္ဘာ့ တောင်ခြမ်း မှာ မုတ်တိုင်း တခု ဖြစ်နေ ပါတယ်။ အရှိန် အနဲ အကျဉ်းလောက်ပဲ မြောက်ခြမ်း ကို ကူးလာ မှာပါ။ မုတ်သုန်လေခေါ် ကုန်သည်လေခေါ် အနောက်တောင်လေကြောင်း က နဲနဲ စ လမ်း ပေါ်လာပါဘီ။ ရက်ရှည်နေတဲ့ တနင်္သာရီ တိုင်း ကို ပတ်နေတဲ့ လက်ယာရစ် လေစီးကြောင်းကြီး က သံယောဇဉ် မကုန်သေးတာလဲ တွေ့ ကြရမှာပါ။ မိုးလေ၀သ သိပ္ပံနည်း အရ တော့ မုတ်သုန် ၀င်ကြောင်း ဆု့းဖြတ်ဖို့ သတ်မှတ်ထားတဲ့ စံတွေ နဲ့ တိုင်း ကျေညာမှာပါ။ ( အဲ ဒိစံတွေ က ရာသီ ဥတု မှန်တဲ့ ကာလတွေ က သုတေသနပြု ထားတဲ့ စံတွေပါ။ ) မုတ်သုန် ၀င်ပါဘီလို့ ကျေညာပီးမှ မုတ်သုန် မ၀င်သေးဘူး ဆိုပီး မုတ်သုန် ခမျာ ၂ ခါ ၀င်လိုက်ရတဲ့ နှစ် ရှိဘူးသလို ၊ မုန်တိုင်း က ဆက် ဆက် လာ လို့ မိုးက ဆက်သွားပီး ဘယ် အချိန် ဘယ်ရက် မုတ် သုန် ၀င်တယ်လို့ တောင် တိတိကျကျ မပြောလိုက်နိုင်တဲ့ နှစ်လဲ ရှိပါတယ်။ ဆောင်းတွင်း ဟိုတလော က တယောက်က ပြည်ပ မီဒီယာနဲ့ ဗျူးတာ အင်တာနက်တနေရာ မှာ တွေ့လိုက်ကြပါလိမ့်မယ်။ နွေ မုတ်သုန် ၊ ဆောင်း မုတ်သုန် ဆိုတဲ့ ဝေါဟာရ အထူးအဆန်းတွေ။ ၁၂ ရာသီ လုံး မုတ်သုန် နေပါရောလား။ အဲဒိကောင် ဘယ်သူပါလဲ လို့ မေးကြည့်တော့ လားလား ။ စာပေးစာယူ ဘီအက်စီ ဘွဲ့ကြီးတခု နဲ့ လက်ညွှန်ကြီး ဖြစ်နေတာကိုး။ ပညာရေးစံ မမီလို့ ပညာသင် လွှတ်ချင်တာတောင် နိုင်ငံခြား တက္ကသိုလ် က လက်မခံ တဲ့သူဆိုပဲ။ အရှင်မွေး နေ့ချင်းကြီး ဒီလို အခြေခံ ပညာ အရည်အချင်းတောင် စံ မမီ တဲ့ လူတွေ ရဲ့လက်ထဲ ပြည်သူ့ အသက် အပ်ထားရမှတော့ ။ တေကြရောပေါ့၊ ဒီခေတ် ဒီလောက် တိုင်းပြည်မှာ စံမီ ပညာတတ်တွေ ပေါနေတာ ။ ပြည်ပ မီဒီယာ နဲ့ ပြောရေးဆိုခွင့် ပေးမယ်ဆိုရင်လဲ တတ်တဲ့ သူ ပဲ ပြောခွင့် ပေးကြပါဗျို့။ အိန္ဒိယ နဲ့ မြန်မာ က မုတ်သုန် တိုင်းပြည်တွေလေ။ အိန္ဒိယ ပညာရှင်တွေ ကြားသွားလို့ မုတ်သုန်ဆရာကြီး ခရစ်ရှနားမူးတီးရဲ့ မုတ်သုန် သီအိုရီကြီး မှာမတွေ့ရင် မြန်မာပြည် ပညာ သင် လာနေ ကြပါဦးမယ်။ အဟိ။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment