Friday 8 April 2011

Re: [Myanmar weather watch] ဦးထွန်းလွင်၏ မိုးလေဝသဝက်ဘ်ဆိုက် ဖောက်ထွင်း...

ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်။ အထက်ပါ ပြောကြတဲ့ အား မကိုးရ တာတွေ  ကြောင့် ဒီ ဂရု ဖွဲ့တာ ပါဆို။အားမကိုးရတာတွေ သင်ခန်းစာ ရ ပီးရင်း ရ နေတော့  ဒီတော့  အားလုံး ၀ိုင်း လုပ်ကြပါစို့။ ကွန်နက်ရှင် ရတဲ့ သူ က ပြည်ပ စက်မှု တိုးတက်တဲ့ မိုးလေ၀သ ဌာနတွေ နဲ့  ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်ရဲ့  ဆိုက်တွေ ကို စောင့် ကြည့် ပီး  ၊ နှိုးဆော် ပေးကြပါ။ ပုဂ္ဂလိက ဦးထွန်းလွင် က လုပ်ပေးနေတာ မှာ နိုင်ငံတကာ မိုးလေ၀သ ဆိုက်တွေ အားလုံး ကို လိုက် ရှာ ကြည့်ဘို့  ဒီကွန်နက်ရှင်နဲ့ ရမရ အရင် စဉ်းစားပေးပါ။ ညကျမှ  င်္ကန်ကလေး က ရသလို ရျိတာ ။ သဘာဝဘေး အခြေ အနေက ည ရောက်အောင် စောင့် ပေးမနေဘူးလေ။ ဆိုက် တခု ကို တက်လာ ဘို့တောင် အိုင် က တော့  Loading ထားပီး ထမင်း တအိုး ထချက်တယ်။ နောက် ဆိုက် ထခု ၀င် လိုက်ရင် LOading မှာ ဟင်း တအိုးချက်ရတယ်။ ဒီတော့ ရတဲပ နည်းနဲပ ၀ိုင်းလုပ်ကြပါစို့။ ရိုးရာ နည်းနဲ့ ပဲ မှန်းမှန်း  ဒီ ဂရု က ကြို ဆိုနေပါတယ်။ အားလုံး က အသက်နဲ့ ရင်း ပီး ခံစားနေကြရတာပဲလေ။  ဒီဂရု က ဦးထွန်းလွင်ရဲ့  ဂရု မဟုတ်ဘူးနော်။ သူ က ရှဲဒိုး လဲ မဟုတ်ဖူးနော်။ ပြည်သူပိုင်ဂရု ။ နောက်ပီး   လုပ်ချင်တယ် ဆိုရင်  မည်သူမဆို မိုးလေ၀သ ခန့်မှန်းရေး သမား ဒီမှာ  တန်းလုပ်ပါ။  သတင်း အရင်း အမြစ်ကတော့ အင်တာနက်ကပဲ ရ စရာ ရှိပါတယ်။
Myanmar Weather 08 April 15:31

Comment history
Closing Flower
Closing Flower07 April 19:38
ဒါဆိုပြင်လိုက်ပေါ့ဟဲဟဲနောက်တစ်ခုကတော့ ပင်လယ်ပြင်မှာငါးဂှာထွက်ကြတဲ့ကိုတံငါသည်တွေခမြာပြည်တွင်းကမိုးလေ၀သ၇ဲ့သတင်းကိုယုံစားမိတာနဲ့ပင်လယ်ထွက်ြီ့ငါးသွားဖမ်းတာတည့် တည့်စင်လွဲတော့ တာပဲ
Myanmar Weather
Myanmar Weather01 April 02:52
ဂြိုဟ်တု ပုံ များက မြင်ရသော CB ခေါ် မိုးတိမ်တောင် ၏ လက္ခဏာ အဖြူတစက် စာ သည်ပင် မိုင် ၃၀ ၀န်းကျင်ကို သက်ရောက် ပါသည်။ ဦးထွန်းလွင်ရော မြန်မာ မိုးဇလ ရော ကိုယ်ပိုင် ဂြိုဟ်တု မရှိပဲ သူများ ဂြိုဟ်တု တွေ က အခမဲ့ ရတာ တွေ သုံး မှန်းရတာပါ။ ဂြိုဟ်တု တွေ ကလည်း မူ မတူပါ။ ဂြိုဟ်တု ဖတ် ဘာသာပြန် ပညာ ခေါ်သော REmoteှ Sensing ဘာသာရပ် ပညာရှင်များ လည်း မရှိ သဖြင့် တည်နေရာ များ သေချာ တိကျ မှု မရ နိုင်ပါ။
Shin Goun Gwep
Shin Goun Gwep31 March 08:30
ဒီလိုဘဲလေ..ဒါကိုမြင်လျှင်နားလည်လိုက်ကြပါ။
Ei Aye
Ei Aye31 March 08:27
Wrong doing .. they attack this webiste ..what they are get it any benefilt ? This is not good .Weather is estimated only ..can't get details( .example Japan .) Please understand for this .
Boon Myo Myo
Boon Myo Myo31 March 07:40
ဦးထွန်းလွင် မိုးလေဝါသ ခန့်မှန်းတာ တလွဲကြီးပါလားဗျ။ မုန်တိုင်းဗဟိုချက်မလို့ ယူဆတဲ့ တိမ်တွေဝိုင်းစုတဲ့နေရာဟာ ကော့သောင်နားက ကပ္ပလီပင်လယ်ပြင်မှာလို့ပြောတာ အမှန်က ညာဘက်နားလေး..ထိုင်းနိုင်ငံ၊စူရတ်ဋ္ဌာနီခရိုင်မှာ မနေ့ကတည်းက မုန်တိုင်းလောက်တော့မပြင်းဘူး မိုးတွေကြီးပြီး ဒီနေ့နည်းနည်းငြိမ်သွားပြီ။ နောက်ဆိုသေသေချာချာ စစ်ဆေးပြီးမှ ထုတ်ပြန်ပါ။ အရမ်းအရေးကြီးတယ်။
Original post
Shin Goun Gwep
Shin Goun Gwep31 March 07:10
ဦးထွန်းလွင်၏ မိုးလေဝသဝက်ဘ်ဆိုက် ဖောက်ထွင်း ထိန်းချုပ်ခံရ

31/Mar/2011

E-Mail this article
ရာသီဥတု ပြောင်းလဲမှုဆိုင်ရာများနှင့် ပတ်သက်၍ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ဖြင့် သတင်းထုတ်ပြန်ချက်များ ဖြန့်ဝေလျက်ရှိသည့် မိုးလေဝသပညာရှင် ဦးထွန်းလွင်၏ ဝက်ဘ်ဆိုက်အား ယခုလ ၂၄ ရက်တွင် ပြည်ပအခြေစိုက် ဟက်ကာများက ဖောက်ထွင်းထိန်းချုပ်မှု ပြုလုပ်ခဲ့သည်။ အဆိုပါ ဟက်ကာများသည် ဦးထွန်းလွင်၏ ဝက်ဘ်ဆိုက်သို့ ဖောက်ထွင်းဝင်ရောက်၍ သတိပေးကြေညာချက် တစ်ခုကို ပင်မစာမျက်နှာတွင် ယင်းဆိုက်မှ အသုံးပြုသူများ၏ အကောင့်များနှင့် ပတ်သက်၍ လုံခြုံမှု မရှိသောကြောင့် ယင်းအချက်ကို ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားစာ ရေးသားခဲ့ပြီး မပြင်ပါက ၎င်းအင်တာနက် စာမျက်နှာအား အပြီးတိုင် ဖျက်ဆီးမည်ဟု ရေးသားသွားခဲ့သည်။ ဟက်ကာများသည် အဆိုပါ တိုက်ခိုက်မှု သတင်းအား ၎င်းတို့ ကိုယ်ပိုင် ဝက်ဘ်ဆိုက်တွင်ပါ သတင်းအဖြစ် ထည့်သွင်းထားခဲ့သည်။ ယင်းအဖွဲ့မှ ယခုလ ၁၁ ရက်ကတည်းက ဖောက်ထွင်း ဝင်ရောက်ခဲ့ပြီး ၂၄ ရက်တွင်မှ ဝက်ဘ်ဆိုက်ကို ထိန်းချုပ်၍ ယခုကဲ့သို့ ဝင်ရောက် ရေးသားသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်သည် ၎င်း၏ Myanmar Climate Change Watch(MCCW) အမည်ဖြင့် ဝက်ဘ်ဆိုက်အား ၂၀၁၀ ပြည့်နှစ်ကုန်ပိုင်းက စတင်လွှင့်တင်ခဲ့ပြီး မိုးလေဝသဆိုင်ရာ သတင်းများအား နေ့စဉ် နာရီနှင့်အမျှ ဖြန့်ဖြူးပေးလျက်ရှိရာ ပြည်တွင်းပြည်ပမှ သတင်းမီဒီယာများနှင့် လူထုအကြား လျင်မြန်စွာ ပျံ့နှံ့ခဲ့ရာ အချိန်တိုအတွင်း လူသိများခဲ့သော ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။ ဦးထွန်းလွင်သည် ၎င်း၏ http://www.facebook.com/l/55845DzrgonyCPtJGatdMHWF5Dw/WWW.tunlwin.com တွင် လာနီညာဆိုင်ရာ သတင်းဆောင်းပါးများ၊ မိုးကြိုးနှင့် ငလျင်သတင်းများ တင်ဆက်ခဲ့ပြီး ပြင်ပတွင် ပျံ့နှံ့ခဲ့သော ရာသီဥတုဆိုင်ရာ ကောလာဟလ သတင်းများအား ဖြေရှင်း အသိပေးမှုများ ပြုလုပ်ခဲ့သကဲ့သို့ ၂၅ ရက် နံနက်စောစောကလည်း ရှမ်းပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ငလျင်သတင်းနှင့် ပတ်သက်၍ ပြည်တွင်းသတင်းစာ၊ ရေဒီယိုနှင့် တီဗီ အစီအစဉ်များ မထုတ်လွှင့်မီ ဖော်ပြခဲ့ကြောင်း ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ထုတ် 7 Day News ဂျာနယ် အတွဲ(၁၀)၊ အမှတ်(၄)တွင် ဖော်ပြထားပါသည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment