Friday 6 May 2011

[Myanmar weather watch] New doc: နွေနှင့် ရေ Friday, 06 May 2011 11:20 Health Digest

created the doc: "နွေနှင့် ရေ      Friday, 06 May 2011 11:20      Health Digest "
Aung Myin Oo created the doc: "နွေနှင့် ရေ Friday, 06 May 2011 11:20 Health Digest "

ယခုနှစ် (၂၀၁၀ ပြည့်နှစ်) နွေကို ကြုံရပြီး နွေကို တော်တော် ကြောက်သွား ပါသည်။ နံနက် စောစော တာစူ နေသော အပူ ဓာတ်သည် နံနက် ၁၀ နာရီ ခန့်မှစကာ အရှိန် ယူပြီး ပူပြင်း လိုက်သည်မှာ နေ့လယ်ပိုင်းမှာ ငရဲ ပြည်ရောက်နေ သလား ခံစားရပါသည်။ ဘယ်မှာ ခိုအောင်းနေရပါမည်နည်း။ အိမ်တွေလည်းပူ၊ လမ်းမှာလည်းပူ၊ ကားထဲမှာလည်း ပူ၊ အဝတ် အစား၊ ရေတွေလည်းပူ၊ ပတ်ဝန်းကျင် လေထုကလည်းပူ၊ မိမိတို့၏ ခန္ဓာ ကိုယ် ကြီးကပင် ပူနေပါတော့သည်။ မီးဟပ် ထားသော သစ်သားတုံး ကလေးလိုဖြစ် နေသော ခန္ဓာကိုယ်ကို ရုတ်တရက် ရေလောင်းချမိသူ တော်တော် များများ အသက် ဆုံးရှုံး ရရှာသည်။ လူကြီးလူအိုများ၊ နာတာ ရှည် ရောဂါသည်များ၊ ကလေးငယ်လေးများ စသူတို့လည်း အပူဒဏ်ကို မခံနိုင်ရှာကြ၊ ပျက်စီး ကြ သူများစွာတွေ့ရသည်။

 

 

နွေသည် ပူ ပြင်းသော ရာသီဒဏ်နှင့်အတူ ဝမ်းနည်း ဖွယ် ဖြစ်ရပ်များကိုလည်း ထားရစ်ခဲ့ သည်။ ပြီးတော့ သည်နွေမှာ ထူးခြား သည်က ရေရှားခြင်းဖြစ်သည်။ ရေ ရှားသည်ဟု မကြားဖူးသောကျွန်တော် တို့နိုင်ငံမှာ တော်တော်ထူးခြားသည့် သတင်းဖြစ်သည်။ အထူးသဖြင့် သောက်ရေရှားခြင်းဖြစ်သည်။ သောက် စရာ ရေမရှိတော့မှ လူ့ခန္ဓာကိုယ်ကြီး ဒုက္ခ ရောက်ရပေ တော့မည်။ လူ့ခန္ဓာ ကိုယ်ထဲတွင် ရေဓာတ်က ၇၀ ရာခိုင် နှုန်းမျှ ပါဝင်ထားသည်။ လူသည် ရေ နှင့် တည် ဆောက် ထားသည်ဟုလည်း ပြောနိုင်သည်။ ခန္ဓာကိုယ်ထဲမှာ မြစ် ချောင်းများလို စီးဆင်းလှည့်ပတ်နေ သော သွေးများက အစ၊ အင်္ဂါအစိတ် အပိုင်းအားလုံးမှာ ရေဓာတ်များစွာ ပါဝင်ဖွဲ့စည်းထားသည်။ ရေတစ်ရာခိုင် နှုန်းလျော့ သည်နှင့် ရေဆာလာသည်။ ၅ ရာခိုင်နှုန်းလျော့လျှင် ခန္ဓာကိုယ်၏ အပူချိန်တက်လာသည်။ ၁၀ ရာခိုင် နှုန်းလျော့လျှင် ခြေကုန် လက်ပမ်းကျကာ မလှုပ်ရှားနိုင်တော့။ ရေ ၁၂ ရာခိုင်နှုန်းလျော့သွားပါကမူ အသက် ဆုံးနိုင်သည်အထိ ဖြစ်သွားသည်။ ထို့ကြောင့် အသက်ရှင်သန်ခြင်းသည် ရေကြောင့်ဖြစ်သည်။ ရေသည် အသက် သခင်ကျေးဇူးရှင်၊ လူသားများ၊ ဇီဝမျိုး ကွဲများ အားလုံးအတွက် ကလျာဏ မိတ္တ၊ ဗောဓိသတ္တ၊ (All Lives on Earth) ၊ ကမ္ဘာဂြိုဟ်ပေါ်ရှိအပင်၊ သက်ရှိ သတ္တဝါအားလုံးကို Bio diversity ဇီဝ မျိုးကွဲများဟု ခေါ်ရာ၊ ထိုအရာရာတို့ကို ဇီဝအာဟာရ ဖြည့် ပေးသည့် အန္တကျေးဇူးရှင်ဖြစ်သည်။

 

 

မိုးပေါ်က ကျလာသောရေများ၊ အလွန်ကြီးမားလှသော မိုးပေါက်များ၊ မြစ်ချောင်းအင်းအိုင်များတွင် စုရုံး ရောက်ရှိကြ၊ သောက်ရေအတွက် သို လှောင်ထားရာ ကန်များမှာလည်း ရေ တွေ ဖွေးဖွေးမြင်ရ၊ လေထဲ၊ မြေပေါ် က ရေများအပြင်၊ ရေအောက်မှာ လည်း ရေတွေများလှချေ၏။ ဘယ် နေရာတူးလိုက် တူးလိုက် ပန်းပြီးထွက် လာလိုက်သည့် ရေတွေ၊ ရေတွေ ပေါလိုက်သမျှ ဘယ်တော့မှ မခန်းနိုင်၊ သုံးမကုန်၊ သောက်မ ကုန်သည့် ရေ သယံဇာတဟု ထင်မိခဲ့သည်အမှန်။ ယခုမူ ရေရှားပြီး သောက်စရာရေ၊ အသက်သခင် ရေမရှိ၊ အခက်ကြုံကြ ရပြီ။ သည်နွေ၏ သဘောမှာ Heat Stress သဘောတွေ့ရသည်ဟု ပညာ ရှင်တို့ ဆိုကြ သည်မှာ မှတ်သားဖွယ် ဖြစ်သည်။ နှစ်အလိုက် အပူဆုံး ပျမ်းမျှ အပူချိန်ခန့် (ခါတိုင်းနှစ်များထက် ပိုပြီး မပူဟု ဆိုလိုသည်) သာရှိသော်လည်း မိုးအုံ့ခြင်း၊ တိမ်ထူခြင်း၊ မိုးရွာခြင်းတို့ မရှိသည့်အတွက် နေ့စဉ် အပူဒဏ်က ဖိအားအဖြစ် သက်ရောက်ခြင်း ဖြစ် သည်။ ထိုအပူဒဏ်ဖိအား Heat Stress ကို ရက်များကြာကြာခံစား လာရသောအခါ ခန္ဓာကိုယ်ကျန်းမာ ရေးအတွက် အန္တရာယ်ပြုလာပါတော့ သည်။ ထိုဖြစ်စဉ်နှင့် အတူ နေ့စဉ်ရက် ဆက် အပူဒဏ်ကြောင့် မြစ်ချောင်း များ၊ ရေကန်များ ရေခန်းခြောက်လာ ကာ ရေ ဆုံးရှုံးလာသည်။ လေထဲ၊ မြေ ပေါ်မှ ရေများ ရှားလာသလို၊ မြေ အောက်ရေ အရင်းအမြစ်လည်း နည်း လာသည်။ အချို့မြေအောက် ရေငန် ထွက်သော နေရာများမှာ သောက်၍ မရ။ သောက်ရေအတွက် မိုးရေကို ကန်ကြီး၊ ကန်ငယ်တို့ဖြင့် သိုလှောင် သုံးစွဲလာသည်မှာ မိရိုးဖလာအလုပ် ဖြစ်သည်။ သို့သော် ယခုနှစ်၏ အပူ ဒဏ်ဆိုးကြီးသည် သောက်စရာ ရေသယံဇာတတို့ကိုပါ ဖျက်ဆီးလိုက် သည့်သဘော၊ သောက်ရေရှားသည့် အပူကို ထပ်ကြုံကြရသည်။ သည်လို အဖြစ်မျိုး မကြုံကြရစေအောင် ကြိုတင် တားဆီးကြရမည်ဖြစ်သည်။ ရေတစ်စက်၊ တစ်ပေါက်တိုင်းသည် တန်ဖိုး ရှိသည်။ ရေကို အလဟ ဿ မဖြုန်းတီးသင့်တော့။ ရေကို ကျေးဇူးရှင်ပမာ သဘောထားပြီးသုံး ကြဖို့ အာရုံပြုကြရမည်။ သုံးသင့်သည့် နေရာ၊ သုံးသင့်သလောက်သာ သုံး တတ်သည့် အကျင့်စရိုက် ပျိုးထောင် ကြရမည်။ ရေဘုံဘိုင်ပိုက်မှ ရေများ ယိုစီးထွက်နေခြင်း၊ သုံးသူမရှိဘဲ အလ ဟဿစီးဆင်းနေခြင်းတို့သည် အလွန် နှမြောစရာ ကောင်းပါသည်။ ထိုနေရာ မှ ရေများကို ရေရှား နေသူများအတွက် ဖြန့်ဝေပေးမိသော် အလွန်အကျိုးရှိအံ့ ဟုထင်၏။ နံနက်အိပ်ရာထ၊ မျက်နှာ သစ်သန့်ရှင်းမှုပြုလုပ်ရာမှ အစ၊ လူတိုင်း နေ့စဉ်သုံးသောရေကို ခြုံးခြံ ချွေတာကြသော် ယခုနှစ် စုဆောင်း ထားနိုင် သော ရေပမာဏသည် နောက်နှစ်အတွက် အကျိုးများနိုင်မည် ဖြစ်သည်။ ရေတွေ ဘာကြောင့်ခန်း၊ နေပူ ၍ခန်း။ နေတွေ ဘာကြောင့် ပူရသနည်း ဆိုသော် ကမ္ဘာကြီး ပူနွေးလာခြင်းဖြစ် စဉ်တွေကြောင့် ပိုပူလာနေချေပြီ။ ၁၈၆၃ ခုနှစ်ခန့်ကတည်းက သိပ္ပံ ပညာရှင်တို့ တွေ့ရှိခဲ့သော ဖန်လုံအိမ် ဓာတ်ငွေ့များ (Green house gas) ၏အကျိုးကို ယခုအခါ လက်တွေ့ တွေ့ကြုံခံစားနေကြရပြီဖြစ်သည်။

 

 

စွမ်းအင်အမျိုးမျိုးအတွက် လောင်စာ အမျိုးမျိုးကို သုံးစွဲလာကြခြင်း၊ သစ်ပင် သစ်တောများ ပြုန်းတီး လာရခြင်းစသည့် အခြေခံအချက်များ အပါအဝင် အခြား အချက်များကြောင့် လေထုအတွင်း အပူဓာတ်များ ပိုမိုစုဝေးကာ လေထု ကြီး ပိုမို ပူနွေးလာသည်။ နွေရာသီ၏ အပူဓာတ်နှင့်အတူ အပူပြင်းဆုံးသော ရာသီဆိုးပုံစံကို ဖန်တီးလာသည်။ ကမ္ဘာမြေအတွက် ဆိုးကျိုးများ သက် ရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာမြေကြီး စိမ်းလန်းစိုပြည်ဖို့ လူတိုင်းတာဝန်သိသိ ထိန်းသိမ်းကြရ မည်။ သစ်ပင်သစ်တောများကို ပြုစု ထိန်းသိမ်းကြရမည်။ လိုသလောက် သာ ခုတ်သုံးသင့်ပြီဖြစ်သည်။ စွမ်းအင် ချွေတာမှုကိုလည်း လူတစ်ဦးချင်းက အစ ဆောင်ရွက်ကြရမည်။ ယာဉ် ရထားသုံးစွဲမှုမှအစ စွမ်းအင်သုံးစွဲရ သည့် လုပ်ငန်းများအားလုံးမှာ လိုသ လောက်သာ သုံး၊ အနိမ့်ဆုံး စွမ်းအင် ပမာဏကိုသာသုံး၊ ချွေတာမှုဖြင့် သုံးစွဲကြဖို့မှာ လူတိုင်း အသိတရားဖြင့် ဆောင်ရွက်ကြဖို့ဖြစ်သည်။ ရေကို ချွေတာ၊ စွမ်းအင် ကို လည်း ချွေတာ၊ ခေတ်၏ သဘာဝနှင့် သိပ္ပံ ပညာဆိုင်ရာ အခြေခံသဘောတရား တို့ကို လူတိုင်းသိရှိနားလည်နေဖို့ အလွန် လိုအပ်သည့် ကာလ ဖြစ်သည်။ လူတိုင်းက လိုက်ပါဆောင်ရွက်နိုင် ကာမှ တော်ကာကျမည်လည်း ဖြစ်သည်။ ရှေ့နှစ်နွေမှာ ရေပြဿနာ မကြုံဖို့၊ ဇွဲရှိရှိခံ နိုင်ဖို့ ကြိုတင်တောင့် ထားကြဖို့လည်း သတိ မလစ်စေသင့် ပါ။

 

 

 

 

ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)

 

သတင်းရင်းမြစ်အားဒီနေရမှရယူသည်။ 

http://www.yoyarlay.com/opinions/ts-news/environment/6158-2011-05-06-04-55-27

 

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment