Saturday 26 March 2011

[Myanmar weather watch] New doc: နေ့စဉ်မိုးလေ၀သ သတင်း (၂၀၁၁ ခုနှစ်၊ မတ်လ(၂၆)ရက်နေ့ မွန်းလွဲ (၂း၀၀)န...

created a doc "နေ့စဉ်မိုးလေ၀သ သတင်း  (၂၀၁၁ ခုနှစ်၊ မတ်လ(၂၆)ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)".
Aung Myin Oo created a doc "နေ့စဉ်မိုးလေ၀သ သတင်း (၂၀၁၁ ခုနှစ်၊ မတ်လ(၂၆)ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)".

ယနေ့နံနက် (၀၉း၃၀) နာရီ အချိန်ထိ မိုးလေ၀သ တိုင်းထွာချက်အကျဉ်းချုပ်။     ။လွန်ခဲ့သော (၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပါသည်။ နေ့အပူချိန်များမှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မတ်လ၏ပျမ်းမျှအပူချိန်တို့အောက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်ထိ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မတ်လ၏ပျမ်းမျှအပူချိန် တို့အောက် (၅)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် မတ်လ၏ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်ထိ ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ ထူးခြား သည့်နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၁) ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်(ရေဆင်း)၊ မန္တလေးမြို့၊ မြင်းခြံမြို့၊ ကျောက်ဆည်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့နှင့် တောင်တွင်းကြီးမြို့တို့တွင် (၄၀)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်များမှာ ကော့သောင်းမြို့တွင် (၁.၈၅)လက်မ၊ ကိုကိုးကျွန်းမြို့တွင် (၁.၂၂)လက်မ၊ ရေးမြို့တွင် (၀.၃၉)လက်မနှင့် ကျိုင်းတုံမြို့တွင် (၀.၂၇)လက်မတို့ ဖြစ်ကြပါသည်။

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

မနက်ဖြန်ညနေထိခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်  ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

 

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်(၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။

 

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။

 

နေပြည်တော်နှင့်အနီးတ၀ိုက်အတွက် မနက်ဖြန်ညနေထိ ခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

ရန်ကုန်မြို့နှင့်အနီးတ၀ိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

 

မန္တလေးမြို့နှင့်အနီးတ၀ိုက်အတွက် မနက်ဖြန်ညနေထိ ခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

Last Updated on Saturday, 26 March 2011 08:38

 

သတင်းရင်းမြစ်အားဒီနေရာမှရယူသည်။

www.dmh.gov.mm/index.php?option=com_content&view=category&layout=blog&id=12&Itemid=3&lang=my


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment