Friday 25 March 2011

Re: [Myanmar weather watch] (Tachilake Earthquake တာချီလိတ်ငလျင်ကြီး)...

ကြောက်စရာကြီး
Naing Thwethitsa 25 March 20:22
ကြောက်စရာကြီး
Comment history
Aung Myin Oo
Aung Myin Oo25 March 09:54
ငလျင်ကြောင့် သေဆုံးသူ ၁ဝ၄ ဦးဟု ဒေသခံများ ပြော
သောကြာနေ့၊ မတ်လ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၀ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေကို ဗဟိုပြုခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၇၄ ဦး ရှိကြောင်း မြန်မာအစိုးရ ရုပ်မြင်သံကြားက ထုတ်ပြန်ချိန်တွင် မျက်မြင်သက်သေများနှင့် ဒေသခံများကမူ သေဆုံးသူ ၁ဝ၄ ဦး ရှိပြီဟု သောကြာနေ့ နှောင်းပိုင်းတွင် ပြောဆိုကြသည်။

ဒေသတွင်း ကြည့်ရှု့စာရင်းကောက်ခဲ့သူနှင့် ဒေသခံများသို့ မဇ္ဈိမ မေးမြန်းချက်အရ တာချီလိတ်မြို့ အရှေ့တောင်ဘက် တာလေမြို့၌ပင် သေဆုံးသူ ၄၇ ဦး ရှိပြီး၊ မိုင်းယောင်းအုပ်စု ကျကူနီရွာ၌ ၂၂ ဦး၊ မိုင်းလင်း ၂၉ ဦး၊ တာချီလိတ် ၃ ဦးနှင့် နားယောင်း ၃ ဦး ဖြစ်သည်။ ထို့အပြင် တာလီရွာ၌ ပျောက်ဆုံးနေသူများ ရှိသည်ဟု ဒေသခံများက ဆိုသည်။

တာလေသို့ သွားရောက်ခဲ့သူ တာချီလိတ်မြို့ခံ တဦးက "တာလေက အခြေအနေ တော်တော်ဆိုးတယ်။ လမ်းဘေးမှာပဲ အခေါင်းတွေနဲ့ ထားထားတယ်" ဟု မဇ္စျိမကို ပြောသည်။

ကျကူနီရွာ၌ သေဆုံးသူများမှာ နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းထဲတွင် ကျမ်းစာသင်နေစဉ် ငလျင်လှုတ်ခတ်သဖြင့် သေဆုံးရခြင်း ဖြစ်သည်။

သောကြာနေ့ မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးနှင့်အဖွဲ့ တာလေနှင့် မိုင်းလင်းသို့ သွားရောက်ခဲ့သလို၊ တာလေမြို့ ကယ်ဆယ်ရေးတွင် စစ်သား ၃ဝဝ ခန့် ပါဝင်လုပ်ကိုင်နေခဲ့သည်။

MRTV-4 က မွန်းလွဲပိုင်း ထုတ်ပြန်ချက်တွင် တာချီလိတ်၊ တာလေ၊ နားယောင်း၊ မိုင်းလင်း၊ မိုင်းကိုး၊ ကျကူနီရွာ စသည့် ကျေးရွာများ၌ ၇၄ ဦး သေဆုံးကာ၊ ၁၁၁ ဦး ဒဏ်ရာရခဲ့ပြီး အိမ် ၂၂၄ လုံး၊ တိုက်ခန်းတွဲ ၆ ခု၊ သာသာနာ အဆောက်အအုံ ၁၁ ခု၊ အစိုးရ အဆောက်အုံ ၉ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကြာသပတေးနေ့ကတည်းက လျှပ်စစ်မီးပြတ်တောက်နေပြီး သောက်သုံးရေသန့် လုံလောက်စွာ မရသော တာလေ၌ လူအများမှာ ကွင်းပြင်များ၌ မိုးကာတဲများထိုး၍ နေကြကာ၊ မုန့်ခြောက်နှင့် ခေါက်ဆွဲခြောက်များကို အားကိုးနေရသည်။

ယူနီဆက်၊ World vision၊ ကြက်ခြေနီ၊ အမျိုးသားပြန်လည် နေရာချထားရေး အဖွဲ့များလည်း ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည်။
http://www.facebook.com/l/1c1a27ohElG1kvEFBHX9Fzw756g/www.mizzimaburmese.com/news/inside-burma/7178-2011-03-25-13-02-37.html
Aung Myin Oo
Aung Myin Oo25 March 09:54
နောက်ဆက်တွဲငလျင်ငယ်များကြောင့် တာချီလိတ်ဒေသခံများ စိုးရိမ်ပူပန်နေ
Friday, 25 March 2011 17:53 KNG

ရှမ်းပြည်နယ် အရှေ့ခြမ်း ဒေသများတွင် ယမန်နေ့ ညက ရစ်ချတ်တာစကေး ၆ ဒဿမ ၈ ရှိသည့် အင်အားပြင်း ငလျင် လှုပ်ခတ် ခဲ့ပြီးနောက် ငလျင်ငယ်များ ဆင့်ကဲ လှုပ်ခဲ့သည့် အတွက်၊ အဆောက်အဦများ ထပ်မံ ပြိုကျလာမည်ကို တာချီလိတ် ဒေသခံများ က အလွန်အမင်း စိုးရိမ်နေကြသည်။

ယနေ့ ည ပိုပြင်းထန်မည့် ငလျင်များ ထပ်လှုပ် နိုင်ကြောင်း ကောလဟာလများလည်း ထွက်ပေါ်နေသည်။ လူအများ ထိတ်လန့် နေကြပြီး ဘောလုံးကွင်း၊ ကျောင်းဝင်းထဲရှိကွင်းပြင်များနှင့် လမ်းမ များပေါ် ရောက်ရှိ နေကြသည်ဟု တာချီလိတ်မြို့မှ ဈေးသည်တဦး ကပြောသည်။
burma-earthquake-tachileik2

ငလျင် ထပ်လှုပ်လာမည်ကို စိုးရိမ်မှုကြောင့် မြက်ခင်းပြင်တွင် စုနေကြသော တာချီလိတ် ဒေသခံများ။

၎င်းက "အခု ကွင်းပြင်ကြီးမှာ၊ ပြန်လှုပ်မယ်ဆိုပြီး လိုက်အော် နေကြတယ်၊ အဲ့ဒါကြောင့် အိမ်မှာ မနေရဲလို့ ကွင်းမှာ နေတာ၊ လမ်းလည်းလျှောက်လို့ မရတော့ဘူး၊ ခြေတွေတုန်လို့" ဟု ပြောသည်။

မြန်မာစံတော်ချိန် ည ၈ နာရီခွဲ ၌ ငလျင် ဗဟိုပြု လှုပ်ခဲ့သည့် လွယ်မွေရွာသည် ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်၊ ကျိုင်းတုံမြို့နယ်၏ အရှေ့ဘက် ၃၆ မိုင်အကွာ တွင်ရှိသည်။

ယနေ့ ညနေ ၆ နာရီ အထိရရှိသည့် သတင်းများအရ ငလျင်ကြောင့် တာချီလိတ်မြို့နယ်တွင်းရှိ တာလေ နှင့် မိုင်းလင်း မြို့နယ်ခွဲများတွင် အဆောက်အဦများ ပြိုကျ ပျက်စီးမှုကြောင့် အနည်းဆုံး လူ တရာကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း ဒေသတွင်းမှ လာသော သတင်းများက ဆိုသည်။

ထို့အပြင် တာလေ နှင့် တာချီလိတ် ကို ဆက်သွယ် ထားသည့် တာလေတံတားလည်း ငလျင်ဒဏ်ကြောင့် နိမ့်ကျ ပျက်စီး သွားသဖြင့် ကျိုင်းတုံဘက်မှ ဒဏ်ရာရလူနာများ အနေဖြင့် တာချီလိတ်ဘက်သို့ ကူးလာရန် ခက်ခဲနေသည်ဟု ဒေသခံတဦးကပြောသည်။

"ကျိုင်းတုံကို သွားမယ့် ကားတွေကို ပေးမသွားဘူး၊ ကျိုင်းတုံက လာမယ့်ဟာတွေလည်း လာလို့မရဘူး၊ အဲ့ဒီမှာရှိတဲ့ လူနာတွေကလည်း ဒီကို လာဖို့ ခက်နေတယ်။" ဟု ပြောသည်။

ငလျင် လှုပ်ခတ်မှုကို ရှမ်းပြည်နယ်တခွင် သာမက ရန်ကုန်၊ မန္တလေး၊ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒေသများ နှင့် ဗီယက်နိုင်ငံ မြို့တော်ဟနွိုင်း မြို့များ အထိ ခံစားခဲ့ကြ ရသည်ဟု ဒေသဆိုင်ရာ သတင်းများတွင် ဖေါ်ပြထားသည်။
Last Updated ( Friday, 25 March 2011 18:02 ) http://www.facebook.com/l/1c1a2G85j9ylcnDzfdSsqch5OOg/www.kachinnews.com/burmese/2010-01-18-05-43-21/361-2011-03-25-12-31-18.html
Aung Myin Oo
Aung Myin Oo25 March 09:53

Last Updated ( Friday, 25 March 2011 18:02 ) http://www.facebook.com/l/1c1a22J59HuZ4F4ulJjVaYFMdhg/www.kachinnews.com/burmese/2010-01-18-05-43-21/361-2011-03-25-12-31-18.html

Last Updated ( Friday, 25 March 2011 18:02 ) http://www.facebook.com/l/1c1a24XvZQhkCF0RMb9-cVI_wag/www.kachinnews.com/burmese/2010-01-18-05-43-21/361-2011-03-25-12-31-18.html
Aung Myin Oo
Aung Myin Oo25 March 09:21
ရွေကြိဂံငလျင်သေဆုံးသူ ၁၃၀ ရှိပြီ

နောက်ဆုံးရရှိတဲ့သတင်းတွေအရ ကြာသပတေးနေ့ ညဦးပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေမြို့အနီးမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၁၃၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးခဲ့သူတွေဟာ တာချီလိတ်မြို့အနီးပတ်ဝန်းကျင်က တာလေမြို့၊ မိုင်းလင်းနဲ့ ကျကူညီရွာတွေက ဖြစ်ပါတယ်။ မနေ့ည ၈ နာရီခွဲလောက်မှာ ပြင်းအား အဆင့် ၇ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်ကြီး လှုပ်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲ ငလျင်ငယ်လေးတွေဟာ ဒီနေ့ တနေ့လုံးနီးပါး ဆက်လက် လှုပ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေဟာ အထိတ်ထိတ်အလန့်လန့်နဲ့ နေနေကြရပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မနေ့ညက လှုပ်ခဲ့တဲ့ငလျင်ဟာ လွယ်မွေမြို့အနီးမှာ ဗဟိုပြုလုပ်ခတ်ခဲ့တာဖြစ်ပြီး အထိအခိုက်အများဆုံး ဖြစ်ခဲ့တာကတော့ တာချီလိတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ လောက် အကွာမှာရှိတဲ့ တာလေမြို့နဲ့ မိုင်းလင်းကျေးရွာတွေမှာ ဖြစ်ပါတယ်။

ဒီကနေ့ နေ့ခင်းပိုင်းက တာလေမြို့နဲ့ မိုင်းလင်းကျေးရွာကိုရောက်ရှိခဲ့တဲ့ တာချီလိတ်မြို့ခံတယောက်က အသေအပျောက်အပျက်အစီး အခြေအနေကို အခုလို ပြောပါတယ်။

"တာလေ၊ မိုင်းလင်းတော့ တော်တော်သေတယ်။ အိမ်တွေလည်း အတော်ပြိုတယ်။ ခုနလေးတင် ကျနော် အဲဒီကိုသွားလိုက်တယ်။ ကျနော်တို့ အမျိုးသေလို့လေ။ တာလေ၊ မိုင်းလင်းကိုသွားတာ။ မိုင်းလင်းမှာက ၆၀ ကျော်သေတယ်။ တာလေမှာက ၅၀ ကျော်လောက် သေတယ်။ အားလုံးပေါင်းလို့ရှိရင် လောလောဆယ် ၁၁၁ ယောက်သေတယ်။ တာချီလိတ်ဆေးရုံကိုလည်း လူပေါင်း ၆၀ ကျော် ၇၀ ကျော်လောက် တက်လာတယ်။ အိမ်ခြေက တာလေမှာ ၉၀ ကျော်၊ မိုင်းလင်းမှာ ၁၀၀ ကျော် အားလုံး ၂၀၀ နီးပါးလောက်ပြိုတယ်။"

တာချီလိတ်မြို့ မြောက်ဖက် ၁၅ မိုင်အကွာလောက်မှာရှိတဲ့ ကျကူညီခေါ် လားဟူကျေးရွာမှာလည်း အနည်းဆုံး လူ ၂၀ လောက်ဟာ ဘုရားကျောင်းပြိုကျခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံ လားဟူ အမျိုးသားတယောက်က ပြောပါတယ်။

"လောလောဆယ်ကြားတာက ၂၀ ကျော်လောက် သေသွားပြီ။ ၃၀ ကျော်လောက် ဒဏ်ရာရတယ်တဲ့။ မနေ့က သူတို့ အဲဒီမှာ နွေရာသီ လူငယ်သင်တန်းလုပ်ရင်းနဲ့ မနေ့က နောက်ဆုံးပိတ်ပွဲ၊ နုတ်ဆက်ပွဲလုပ်နေတဲ့အချိန်မှာ အဲဒီမှာ ငလျင်လာတော့။ အလောင်းတွေက ဘုရားကျောင်း အပြိုအပျက်အောက်မှာ ထုတ်နေတုန်းပဲတဲ့။"

ဒေသခံတွေရဲ့အပြောအရ လောလောဆယ်မှာ သေဆုံးသူ ၁၃၀ ကျော် ရှိပြီဖြစ်ပါတယ်။ မြန်မာ့ရုပ်သံဌာနကတော့ တာချီလိတ်နဲ့ တာလေမြို့တွေမှာ သေဆုံးသူ ၇၄ ယောက်ရှိပြီး ၁၁၁ ဦး ဒဏ်ရာရရှိကြောင်း၊ နေအိမ် ၂၄၄ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ အစိုးရရုံးအဆောက်အဦး ၉ လုံးပျက်ဆီးကြောင်း ဒီနေ့ မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

တာချီလိတ်မြို့က အာဏာပိုင်တွေနဲ့ နီးစပ်သူတယောက်ကတော့ တာလေမြို့ ဆေးရုံဟာ လုံးဝပြိုကျ ပျက်စီးသွားတယ်၊ မြို့အတွင်းက အပျက်အဆီးပုံတွေကိုလည်း ရှင်းလင်းလို့မပြီးဆုံးသေးတာကြောင့် သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ခန့်မှန်းပါတယ်။

တာလေမြို့ဘက်မှာ အထိအခိုက် အပျက်အစီးများတဲ့နေရာတွေဟာ အစိုးရစစ်တပ်တွေ အခြေစိုက်တဲ့နေရာ ဖြစ်တာကြောင့် သေဆုံးသူဟာ အရပ်သားထက် စစ်သားတွေက ပိုများနိုင်တယ်လို့လည်း သူက ခန့်မှန်းပါတယ်။

ကျိုင်းတုံ-တာချီလိတ်ကားလမ်း တာလေမြို့အနီးက တံတားအစွန်းတဘက်ဟာ ၅ ပေလောက် နိမ့်ဆင်းသွားတာကြောင့် အခုအခါ ကားကြီးတွေ ဖြတ်သန်းသွားလာလို့ မရဖြစ်နေတယ်၊ ကားငယ်နဲ့ ဆိုင်ကယ်တွေလောက်ပဲ ဖြတ်ကူးနိုင်ပြီး တံတားပြန်လည် ပြင်ဆင်တာကို အားချင်းလုပ်ဆောင်နေတယ် လို့လည်း အာဏာပိုင်တွေနဲ့နီးစပ်တဲ့ တာချီလိတ်မြို့ခံက ပြောပါတယ်။

မနေ့ည ၈ နာရီခွဲလောက်က ငလျင်ကြီး ၂ ကြိမ်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် အခုချိန်ထိ ငလျင်ငယ်လေးတွေဟာ နာရီပိုင်း၊ မိနစ်ပိုင်းခြားပြီး ဆက်တိုက်ဆိုသလို လှုပ်ခတ်နေဆဲဖြစ်ပါတယ်။ ဒေသခံအာဏာပိုင်တွေက ငလျင်ကြီး ထပ်မံလှုပ်ခတ်နိုင်တာကြောင့် လူတွေကို အိမ်ထဲမှာမနေဖို့ ဆော်သြထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ငလျင်လှုပ်ပြီးနောက် မနေ့ည ၁၁ နာရီလောက်ကစတင်ပြီး ဒေသခံအာဏာပိုင်တွေက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ဒီကနေ့မှာတော့ တာချီလိတ်မြို့ခံတွေဟာ ထမင်းထုပ်၊ သောက်ရေသန့်နဲ့ အ၀တ်အစားတွေကို ငလျင်ဒဏ်ခံရတဲ့ တာလေမြို့ဘက်ကို ပေးပို့နေပါတယ်။
http://www.facebook.com/l/1c1a2wlRdiHg1Zuwm9g1hH4KIOw/www.voanews.com/burmese/news/Burma-Earthquake-03-25-11-118648444.html
View all comments
Original post
Aung Myin Oo
Aung Myin Oo24 March 10:30
(Tachilake Earthquake တာချီလိတ်ငလျင်ကြီး) မြန်မာနိုင်ငံအရှေ့ပိုင်း တာချီလိတ်မြို့ မြောက်ဖက် ၂၅ ကီလိုမီတာ အကွာ အရှေ့လောင်ဂျီကျု ၉၉.၉၄၉ နှင့် လတ္တီကျု ၂၀.၇၀၅ ကို ဗဟိုပြု၍ အင်အား ၇.၀ ရှိသော ငလျင်ကြီးတစ်ခု ၂၄ မတ်လ ၂၀၁၁ ညဦးပိုင်း ၈း၂၅ တွင် လှုပ်သွားကြောင်းသိရသည်။ငလျင်ကြောင့် လူသေဆုံးမှုရှိနိုင်သည်။ ကနဦးခန့်မှန်းချက်အရ ၄၀၀ မှ ၃၀၀၀ ထိ ရှိနိုင်သည်။ဒါဏ်ရာရ ၁၀၀၀ မှ ၅၀၀၀ ထိ ခန့်မှန်းထားသည်။
http://www.facebook.com/l/1c1a2Xkz6H6RVs0Q2V6HJ5eRS5g/earthquake.usgs.gov/earthquakes/recenteqsww/Quakes/usc0002aes.php
ငလျင်အရှိန်ကို ရှမ်းပြည်အရှေ့ပိုင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ လာအို နှင့် ယူနန်ပြည်နယ်များ ကပါ ခံရသည်။ငလျင်လှိုင်းမှတ်တမ်းအရ အလျားလိုက်ပြတ်ရွေ့တစ်ခုအတိုင်း လှုပ်သည်ဟု သုံးသပ်သည်။ http://www.facebook.com/l/1c1a24iCkIgg2eDjdRXACy5cr2A/www.tintlwinswe.blogspot.com/

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment