Saturday 26 March 2011

Re: [Myanmar weather watch] (Tachilake Earthquake တာချီလိတ်ငလျင်ကြီး)...

ရွှေတြိဂံ ငလျင်ကယ်ဆယ်ရေး စတင်  By မနန္ဒာချမ်း  စနေ, 26 မတ် 2011  လူ ၁၃၀ ကျော် သေဆုံးခဲ့ရတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း လွိုင်မွေမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်နောက်ပိုင်း အခုဆိုရင် နိုင်ငံတကာအဖွဲ့တွေနဲ့ ပြည်တွင်း NGO အဖွဲ့တွေက ငလျင်ဒဏ်သင့်ရာ ဒေသတွေဆီ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။ နောက်ထပ် သေဆုံးဒဏ်ရာရရှိမှုနဲ့ပတ်သက်လို့တော့ မကြားတော့ပါဘူး။ လတ်တလော ကူညီကယ်ဆယ်ရေး အခြေအနေတွေနဲ့ပတ်သက်ပြီး သိရအောင်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။  မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း လွိုင်မွေမြို့အနီးကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာအဖွဲ့အစည်းကြီးတွေဖြစ်ကြတဲ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF၊ ပြီးတော့ World Vision နဲ့ နယ်စည်းမခြား ဆရာဝန်များအသင်း MSF တို့အပါအ၀င် ပြည်တွင်းမှာရှိတဲ့ မြန်မာ NGOs တွေက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။  ထိုင်း-မြန်မာနယ်စပ်ကနေ ငလျင်ဒုက္ခသည်တွေအတွက် လိုအပ်မယ့် ဆေးဝါးပစ္စည်းရိက္ခာတွေကို ၀ယ်ယူပြီး ငလျင်ဒဏ် အဓိကခံခဲ့ရတဲ့ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်တွင်းက တာလေမြို့နဲ့ မိုင်းလင်းဘက်ကို မော်တော်ယာဉ်တန်းတွေနဲ့ ဒီကနေ့ ထွက်ခွာသွားကြပြီ ဖြစ်တယ်လို့ ဒေသခံတဦးက အခုလို ပြောပြပါတယ်။
Aung Myin Oo 26 March 17:37
ရွှေတြိဂံ ငလျင်ကယ်ဆယ်ရေး စတင်

By မနန္ဒာချမ်း စနေ, 26 မတ် 2011

လူ ၁၃၀ ကျော် သေဆုံးခဲ့ရတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း လွိုင်မွေမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်နောက်ပိုင်း အခုဆိုရင် နိုင်ငံတကာအဖွဲ့တွေနဲ့ ပြည်တွင်း NGO အဖွဲ့တွေက ငလျင်ဒဏ်သင့်ရာ ဒေသတွေဆီ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။ နောက်ထပ် သေဆုံးဒဏ်ရာရရှိမှုနဲ့ပတ်သက်လို့တော့ မကြားတော့ပါဘူး။ လတ်တလော ကူညီကယ်ဆယ်ရေး အခြေအနေတွေနဲ့ပတ်သက်ပြီး သိရအောင်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း လွိုင်မွေမြို့အနီးကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာအဖွဲ့အစည်းကြီးတွေဖြစ်ကြတဲ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF၊ ပြီးတော့ World Vision နဲ့ နယ်စည်းမခြား ဆရာဝန်များအသင်း MSF တို့အပါအ၀င် ပြည်တွင်းမှာရှိတဲ့ မြန်မာ NGOs တွေက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကနေ ငလျင်ဒုက္ခသည်တွေအတွက် လိုအပ်မယ့် ဆေးဝါးပစ္စည်းရိက္ခာတွေကို ၀ယ်ယူပြီး ငလျင်ဒဏ် အဓိကခံခဲ့ရတဲ့ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်တွင်းက တာလေမြို့နဲ့ မိုင်းလင်းဘက်ကို မော်တော်ယာဉ်တန်းတွေနဲ့ ဒီကနေ့ ထွက်ခွာသွားကြပြီ ဖြစ်တယ်လို့ ဒေသခံတဦးက အခုလို ပြောပြပါတယ်။

"ယူအန်အဖွဲ့ကတော့ ဒီမှာရှိတယ်။ UNICEF အဖွဲ့လည်း ဒီမှာရှိတာကိုး။ နောက်ပြီးတော့ World Vision အဖွဲ့လည်းရှိတယ်။ အဲဒါ သူတို့အဖွဲ့တွေကတော့ ကိုယ့်အဖွဲ့နဲ့ကိုယ် သွားကြလေရဲ့။ နိုင်ငံခြား အဖွဲ့အစည်းတွေက သုံးလေးငါးဖွဲ့ရှိတယ်။ ပြည်တွင်းက တနိုင်တပိုင်လုပ်တဲ့အဖွဲ့တွေလည်း လေးငါးခြောက်ဖွဲ့လောက် ရှိပါတယ်။ သူတို့လည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားကြတာပါပဲ။ သူတို့တွေကတော့ ထိုင်းကပစ္စည်းတွေ ၀ယ်သွားတယ်။ ခေါက်ဆွဲခြောက်တို့၊ သောက်ရေသန့်ဗူးတို့၊ လတ်တလောစားနိုင်တဲ့ အစားအစာတွေပေါ့။ အဲဒီ တာလေနဲ့ မိုင်းလေးကို သူတို့သွားကြတာပဲ။ တာလေနဲ့ မိုင်းလေးက အဓိကဖြစ်တာကိုး။"

ဒါ့အပြင် ဒီငလျင်ဒဏ်ခံရသူတွေကို ကူညီဖို့အတွက် တာလီချိတ်မြို့ပေါ်မှာလည်း လူငယ်တချို့ကနေ ဒီကနေ့ အလှူငွေကောက်ခံပြီး တတ်နိုင်တဲ့ဘက်က လုပ်ဆောင်နေတာတွေအပေါ် ကျေနပ်အားရမှုရှိပေမဲ့ အစိုးရ တာဝန်ရှိသူတွေကိုယ်တိုင်က ဦးစီးပြီး ဆောင်ရွက်နေတာမျိုး သိပ်မတွေ့ရဘူးလို့ အဲ့ဒီဒေသခံက ဆက်ပြောခဲ့ပါတယ်။

"နံမည်တပ်ပြီးတော့တော့ မရှိပါဘူး။ တတ်နိုင်တဲ့လူ သုံးလေးယောက်ပေါင်းပြီး အဲဒီလိုသွားကြတာကိုး။ တနိုင်တပိုင်လုပ်ကြတာပဲ။ ဈေးထဲမှာလည်း အလှူငွေလာကောက်တယ်။ ကောက်ပြီးတော့ အလှူငွေတွေ သွားပေးကြတယ်တဲ့။ ကယ်ဆယ်ရေးအတွက် တတ်နိုင်တဲ့သူက တတ်နိုင်တဲ့အတိုင်းအတာအတိုင်း သွားပို့ကြတယ်။ သွားပေးကြတယ်။ အရပ်သားတွေဘက်ကတော့ အားရကျေနပ်မှုရှိပါတယ်။ ဒါပေမဲ့ အားမရတာကတော့ အစိုးရဘက်ကပေါ့။ လိုအပ်တဲ့လူတွေရဲ့ အခက်အခဲကို ဦးစီးဦးဆောင် လုပ်ပြီးတော့ နိုင်ငံတော်အစိုးရအနေနဲ့ သွားရောက်လုပ်ဆောင်ပေးစေချင်တာပေါ့။ ဒီမှာ သတင်းတွေကြည့်ရတာရော၊ နားထောင်ရတာရော အားရမှုဘာမှမရှိပါဘူး။ ပတ်ဝန်းကျင်က NGO အဖွဲ့တွေ လုပ်တာတို့၊ World Vision အဖွဲ့တွေ လုပ်တာတို့၊ နောက်ပြီးတော့ ကယ်ဆယ်ရေးအဖွဲ့ ဆိုပြီးတော့ မြို့ကတည်ထောင်ထားတဲ့အဖွဲ့တွေ လုပ်တာတို့ အဲဒါတွေ သွားတာပဲတွေ့ပါတယ်။"

ဒါပေမဲ့လည်း အစိုးရပိုင် သတင်းစာတွေမှာတော့ ရှမ်းပြည်နယ် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး ကိုယ်တိုင်ဦးဆောင်ပြီး ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ငလျင်ဒဏ်သင့် ဒေသတွေဆီ သွားရောက်ခဲ့ကြောင်းနဲ့ ငလျင်ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပြီး ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

လောလောဆယ်တော့ အဲ့ဒီငလျင်ဒဏ်သင့်ခဲ့တဲ့ဒေသတွေမှာ တယ်လီဖုန်းလိုင်း ဆက်သွယ်မှုတွေ အခက်အခဲဖြစ်နေတယ်လို့ အဲ့ဒီဒေသခံက ဆက်ပြောပါတယ်။

"မီးကတော့ ဖြစ်တဲ့အချိန်လေးမှာ ခဏလေး မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားတာကလွဲပြီး ကျန်တာဘာမှ မဖြစ်ဘူး။ ဒီမြို့မှာတော့ သောက်ရေအနေနဲ့ ရေသန့်ပဲ ၀ယ်သုံးကြတယ်။ ရေသန့်တွေကတော့ ရှိနေပါတယ်။ တယ်လီဖုန်းလိုင်းကတော့ ယိုးဒယားလိုင်းကတော့ ဆက်လို့ရတယ်။ ပြည်တွင်းလိုင်းက ဆက်ရခက်တယ်။ ငလျင်ဖြစ်ပြီးမှ ရန်ကုန်ကိုဆက်ရခက်တာ။ မြေငလျင်လှုပ်တဲ့အခါကျတော့ ကျနော်ထင်တာကတော့ ကေဘယ်လ်လိုင်းတွေဘာတွေ ထိသွားတယ်ထင်တယ်။ အထင်ပြောတာပါ။ သူတို့ဆက်သွယ်ရေးက ဘာဖြစ်တာလဲဆိုတာတော့ သူတို့မှာ ခုထက်ထိ ဘာမှအဖြေမရှိသေးဘူး။"

ပြီးခဲ့တဲ့ကြာသပတေးနေ့ ဒေသစံတော်ချိန်ညဦးပိုင်းမှာ ပြင်းအား ရစ်ခ်ျတာစကေး ၇ အဆင့်ရှိတဲ့ ငလျင်က မြန်မာ၊ ထိုင်း နဲ့ လောနိုင်ငံတို့နဲ့ ထိစပ်နေတဲ့ ရွှေတြိဂံဒေသအနီး တာချီလိတ်မြို့နယ်အတွင်းမှာရှိတဲ့ လွိုင်မွေမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီငလျင်ဒဏ်ကြောင့် သေဆုံးသူဦးရေဟာ ၁၃၀ ကျော်အထိ ရှိခဲ့ပါတယ်။ အစိုးရပိုင် သတင်းတွေမှာတော့ တာချီလိတ်နဲ့ တာလေမြို့တွေမှာ သေဆုံးသူဦးရေဟာ ၇၄ ယောက်ရှိပြီး ၁၁၁ ယောက် ဒဏ်ရာရရှိကြောင်း၊ နေအိမ် ၂၄၄ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ အစိုးရရုံး အဆောက်အဦး ၉ ခု ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာလည်း နောက်ဆက်တွဲ ငလျင်ငယ်လေးတွေဟာ ကြိုကြားကြိုကြား နာရီပိုင်းအလိုက် ဆက်တိုက်လှုပ်ခတ်မှုတွေရှိနေပြီး ဒီနေ့မနက် ၅ နာရီကျော်ကျော်လောက်မှာနဲ့ မွန်းလွဲ ၁၂ နောက်ပိုင်းမှာလည်း ငလျင်လှုပ်ခတ်မှု အနည်းငယ်ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ http://www.facebook.com/l/82652OjuymC0y-l1L6SXN6ba7Pw/www.voanews.com/burmese/news/Burma-Earthquake-03-26-11-118704274.html
Comment history
Aung Myin Oo
Aung Myin Oo26 March 05:53
ရှမ်းပြည်အရှေ့ပိုင်းငလျင် သေဆုံးသူ ၁၅၀ အထိ မြင့်တက်နိုင်
ဝေမိုး Saturday, 26 March 2011 18:27

ရှမ်းပြည်အရှေ့ပိုင်းတွင် မတ်လ ၂၄ ရက်နေ့၌ လှုပ်ခတ်သွားသော အားပြင်းငလျင်နှင့် နောက်ဆက်တွဲ ငလျင်များကြောင့် သေဆုံးသူ အနည်းဆုံး ၁၅၀ အထိ မြင့်တက်နိုင်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများပိုမိုလုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း သိရသည်။

ပြင်းအားအဆင့် ၇ ရှိ ငလျင်ကြောင့် သေဆုံးသူ ၇၃ ဦးရှိကြောင်း စစ်အစိုးရ မီဒီယာများက ဖော်ပြထားသော်လည်း မတ်လ ၂၅ ရက်နေ့အထိ နောက်ဆက်တွဲ လှုပ်ခတ်နေသော ငလျင်ငယ်များကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသော ဒေသခံများက ပြောသည်။

shanQuak01

သေဆုံးသွားသူများအတွက် တာလေသို့ ခေါင်းတလားများ သယ်ပို့နေကြစဉ် (ဓာတ်ပုံ - Sai Ngaotai/Facebook)
"ကြာသပတေးနေ့ ငလျင်နဲ့ သောကြာနေ့တွေမှာ ဆက်ဖြစ်နေတဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် တာလေနဲ့ မိုင်းလင်းလို ငလျင်ဒဏ် အဆိုးဆုံးထိတဲ့ နေရာတွေမှာ အနည်းဆုံး လူ ၁၅၀ လောက် သေနိုင်တယ်" ဟု တာချီလိတ်မြို့မှ ဒေသခံ ကြက်ခြေနီ အဖွဲ့ဝင်တဦးက ပြောသည်။

"ပြိုကျ ပျက်စီးနေတဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ရေး အလုပ်သမားတွေနဲ့ ဒေသခံတွေက ဆက်ရှာနေတုန်းပါ။ လေ့ကျင့်ပေးထားတဲ့ အနံ့ခံခွေးတွေလို အပါအဝင် ကိရိယာစုံစုံလင်လင် မရှိတာနဲ့ အတွေ့အကြုံ မရှိကြတာရယ်ကြောင့် အခက်အခဲတွေ အများကြီးတွေ့ရပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်မှ ဒေသခံများနှင့် ထိုင်းနယ်စပ်မြို့ မယ်ဆိုင်မှ ဒေသခံများက ငလျင်ဒဏ်ခံရသူများအတွက် အစားအသောက်နှင့် အထောက်အပံ့ပစ္စည်းများ စုဆောင်းပေးပို့နေကြောင်း၊ ရှမ်းပြည်နယ်ရှိ တခြားမြို့နယ်များမှလည်း အလှူငွေများနှင့် ကူညီကယ်ဆယ်ရေးသမားများ ပေးပို့စေလွှတ်နေကြောင်း သိရသည်။

တာချီလိတ် မြို့ခံတဦးက "ငလျင်ဒဏ်ခံရသူတွေအတွက် ကျနော်တို့ ဆန်၊ သောက်ရေနဲ့ စောင်တွေကို စုဆောင်းတယ်။ တာလေနဲ့ မိုင်းလင်းကို ပို့တယ်" ဟု ပြောသည်။

ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးသမားများက သေဆုံးသူ ၁၅၀ အထိ ရှိနိုင်သည်ဟု ဆိုသော်လည်း စစ်အစိုးရ မီဒီယာများက ယမန်နေ့က ကြေညာချက်အတိုင်း ယနေ့ နေ့လည်အထိ သေဆုံးသူ ၇၃ ဦးနှင့် ဒဏ်ရာရသူ ၁၂၅ ဦးဟု ထုတ်လွှင့်ဆဲ ဖြစ်သည်။

စစ်အစိုးရ သတင်းစာများတွင်လည်း ငလျင်ဘေးနှင့် ကူညီကယ်ဆယ်ရေး သတင်းထက် မနက်ဖြန် ကျရောက်မည့် တော်လှန်ရေးနေ့ဆိုင်ရာ ဝါဒဖြန့်ကိစ္စများကိုသာ ဦးစားပေး ဖော်ပြထားသည်။

သတင်းစာ ကျောဖုံးနှင့် အတွင်းပိုင်းတွင် တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းရွာ၊ မိုင်းလင်းရွာနှင့် မိုင်းကိုး ကျေးရွာအုပ်စု၊ ကျကူနီရွာတို့တွင် စုစုပေါင်း အိမ်ခြေ ၂၂၄ လုံးနှင့် ခြောက်ခန်းတွဲ လူနေလိုင်းခန်း ၁ ခု၊ သာသနိက အဆောက်အအုံ ၁၁ ခုနှင့် ဌာနဆိုင်ရာ အဆောက်အအုံ ၉ လုံး ပြိုကျပျက်စီးကြောင်း၊ ငလျင်ဒဏ်ခံဒေသသို့ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ် အောင်သန်းထွဋ်နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးတို့ သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း ဖော်ပြထားသည်။
shanQuak02

တာလေရှိ နေအိမ်အပျက်အစီးများဘေးတွင် ထိုင်နေသော သားအမိ (ဓာတ်ပုံ - Sai Ngaotai/Facebook)

စစ်အစိုးရ၏ ကူညီကယ်ဆယ်ရေး တုံ့ပြန်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ NGO တခုမှ မြန်မာဝန်ထမ်းတဦးက "ရှမ်းပြည်မှာ အခု ငလျင်လှုပ်တဲ့ ကိစ္စအပေါ် အစိုးရတဲ့ တုံ့ပြန်ပုံကိုမြင်တော့ နာဂစ် ဆိုင်ကလုန်းတုန်းက အခြေအနေကို သွားသတိရတယ်။ လူတွေဒုက္ခရောက်နေတုန်း စစ်ဗိုလ်ချုပ်တွေက ဓာတ်ပုံလာအရိုက်ခံပြီး ဝါဒဖြန့်နေတယ်" ဟု ပြောသည်။

နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် လွှတ်တော်မှ ဝမ်းနည်းကြောင်း အဆိုကို ယမန်နေ့က အတည်ပြုကြသည်။ သို့သော် ယင်းဝမ်းနည်းကြောင်းအဆိုကို လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်းကြေညာရာ လွှတ်တော်ကိုယ်စားလှယ်များက လက်ခုပ်တီးကြသဖြင့် စစ်အစိုးရရုပ်သံမှ စောင့်ကြည့်နေသူများနှင့် မီဒီယာတချို့က ဝေဖန်ခဲ့ကြသည်။

လွှတ်တော်သို့ တက်ရောက်နေသော ကိုယ်စားလှယ်တဦးက "ပုံမှန်ကတော့ လွှတ်တော်မှာ အတည်ပြုလိုက်တယ်၊ မှတ်တမ်းတင်လိုက်တယ်လို့ ကြေညာရင် လက်ခုပ် ထတီးလိုက်ကြတာပါပဲ။ အခုက ငလျင်အတွက် ဝမ်းနည်းကြောင်း အတည်ပြုတာကိုလည်း လက်ခုပ်တီးရမယ်ထင်ပြီး တီးလိုက်မိတာပဲ" ဟု ပြောသည်။

တရုတ်သမ္မတ ဟူကျင်တောင်က သမ္မတလောင်း ဦးသိန်းစိန်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

ရှမ်းပြည်အရှေ့ပိုင်း ငလျင်ကြောင့် တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင်လည်း လူပေါင်း ၆၅၀၀ ကျော် ထိခိုက်ခံစားရမှု ရှိခဲ့ကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ မြန်မာစစ်အစိုးရကမူ ငလျင်ဒဏ်ခံရမှုများနှင့် ပတ်သက်၍ ဒေသအတွင်း လူမည်မျှ ထိခိုက်ခဲ့မှုရှိကြောင်း မကြေညာနိုင်သေးပေ။
Aung Myin Oo
Aung Myin Oo26 March 01:16
ရှမ်းပြည်နယ်မှာ နောက်ဆက်တွဲ ငလျင်တွေလှုပ်

မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံဆုံရာ ရွှေတြိဂံဒေသမှာ ဗဟိုပြုပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ရာနဲ့ချီရှိခဲ့ပြီး လူနေအိမ်၊ ဆေးရုံနဲ့ ဘုန်းကြီးကျောင်းတွေ အပါအဝင် အဆောက်အဦး အများအပြား ပျက်စီးခဲ့ရပါတယ်။ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လှုပ်နေတာရှိသလို အပျက်အစီး၊ အသေအပျောက် တိုးလာနိုင်ဖွယ်လည်း ရှိနေပါတယ်။ နောက်ဆုံး အခြေအနေသိရအောင် ဆက်သွယ်စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ရွှေတြိဂံဒေသမှာ ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၇ လောက် ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တာ နှစ်ရက် ကြာခဲ့ပြီးတဲ့နောက် အသေအပျောက်နဲ့ အပျက်အစီး အများဆုံးရှိခဲ့တဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ် မသိရသေးပေမဲ့ ဒေသခံတချို့ရဲ့ ပြောဆိုချက်အရတော့ အခုနောက်ဆုံး သေဆုံးသူဟာ ၁၃ဝ ကျော်သွားပြီဖြစ်ပါတယ်။ မြန်မာစစ်အစိုးရသတင်းတွေမှာ နောက်ဆုံးဖော်ပြထားတာကတော့ သေဆုံးသူ ၆၅ ဦးနဲ့ ဒဏ်ရာရသူ ၁၁၁ ဦးရှိပြီး လူနေအိမ် ၂၄၄ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ အစိုးရရုံး အဆောက်အဦး ၉ ခုအပါအဝင် လမ်း၊ တံတားတချို့ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ကြာသပတေးနေ့ညပိုင်းက အင်အားပြင်းငလျင် ၂ ကြိမ်လှုပ်ခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ ငလျင်တွေလည်း မကြာခဏဆိုသလို လှုပ်ခတ်နေတုန်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

ကျမတို့ အခုအသံမလွှင့်ခင်လေးတင် မြန်မာစံတော်ချိန် မနက် ၅ နာရီခန့်မှာပဲ တာချီလိတ်မြို့မှာ ပြင်းအားအဆင့် ၅ လောက်ရှိတဲ့ငလျင်ငယ်တခု ထပ်မံ လှုပ်ခတ်သွားတယ်လို့ အမေရိကန်ဘူမိဗေဒနဲ့ မြေငလျင် တိုင်းတာရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ တာချီလိတ်မြို့ခံတဦးက အခုလို ပြောပြပါတယ်။

"မနက် ၅ နာရီ ၁ဝ မိနစ်လောက်က လှုပ်သွားတယ်။ ကျနော် အိပ်ယာကအထပဲ။ ဟိုတနေ့ ၈ နာရီခွဲ လောက်က လှုပ်တဲ့ဟာလောက် မပြင်းဘူးလေ။ နည်းနည်းတော့ခါသွားတာပေါ့။ ကြောက်နေကြတာပေါ့ဗျာ။ မနေ့ကဆိုလည်း ဈေးတွေ၊ ဆိုင်တွေတောင် မဖွင့်ဘူး။ စိုးရိမ်နေကြတာပေါ့။ ဘယ်လောက်များ ပြင်းပြင်းထန်ထန်ကြီး ထပ်လာဦးမယ်။ ဘယ်လိုကြီးဖြစ်လာဦးမလဲ၊ ဘယ်သူကမှ ဘာမှမသိနိုင်တဲ့ ကိစ္စကြီးကိုး။ မနေ့ကတုန်းကတော့ ရပ်ကွက်ကလာပြောတာပေါ့။ နောက်ဆက်တွဲ ငလျင်လေးတွေလာမယ်။ သတိထားနေကြပေါ့။ အဆောက်အဦးအကြီးကြီးတွေ ဘာတွေရဲ့အောက်မှာ မနေကြနဲ့ပေါ့။ ကွင်းပြင်တို့ ကွက်လပ်တို့မှာ နေကြပေါ့။ အခု တာချီလိတ်မြို့မှာက ဘောလုံးကွင်းဆိုတဲ့ ရှမ်းရိုးမကွင်းထဲမှာ အဲဒီတရားပွဲကလည်း ရှိနေတာကိုး။ တရားပွဲရှိတော့ လူတွေက အဲဒီတရားလည်းနာရင်း အဲဒီမှာ တဲလေးတွေ သေးသေးလေးတွေ၊ မိသားစုတဲလေးတွေ ထိုးပြီးတော့ အဲဒီမှာနေကြတာများပါတယ်။"

တကယ်တမ်းတော့ တာချီလိတ်မြို့ဟာ ငလျင်ဒဏ်အပြင်းအထန် ခံရတဲ့နေရာမဟုတ်ပါဘူး။ အသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံးဟာ တာချီလိတ်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၃ဝ အကွာလောက်မှာရှိတဲ့ တာလေနဲ့ မိုင်းလင်းကျေးရွာတွေမှာ ဖြစ်ပါတယ်။

"အဆိုးရွားဆုံးနေရာဖြစ်တဲ့ ကျနော်တို့နဲ့ မိုင် ၃ဝ လောက်ဝေးတဲ့ တာလေ တိုက်နယ်ဆေးရုံလေးက ပြိုကျသွားတဲ့အခါကျတော့ ဒီမြို့နယ်ဆေးရုံကို လာတက်ကြတဲ့သူတွေရှိပါတယ်။ တာချီလိတ်မှာ။ တာလေနားက တံတားကြီးက ၅ ပေလောက် နိမ့်ဝင်သွားတယ်လို့ပြောတယ်။ တာလေနားမှာ မြို့အဝင် တံတားကြီးတခုရှိတယ်လေ၊ အဲဒါကြီးက တဖက်က နိမ့်ဝင်သွားတယ်လို့ပြောတာပဲ။ ကားကြီးတွေတော့ သွားမရဘူး။ စက်ဘီးနဲ့ ဆိုင်ကယ်နဲ့ ကားသေးသေးလေးတွေပဲ သွားရတယ်လို့ပြောတယ်။ သူတို့လည်း အားချင်း ပြင်တော့ပြင်နေတယ်လို့ ပြောကြတာပဲ။"

နောက်ထပ် ငလျင်ကြီးတွေ လှုပ်ခတ်လာမှာကိုစိုးရိမ်တဲ့အတွက် တာချီလိတ်မြို့ခံတွေကတော့ နေအိမ်တွေမှာ မနေကြတော့ဘဲ ကွင်းပြင်တွေမှာ ထွက်ပြီးနေကြတယ်လို့လည်း ဒေသခံက ပြောပြပါတယ်။

ရွှေတြိဂံဒေသမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဟာ ထိုင်း၊ တရုတ်နဲ့ ဗီယက်နန်နိုင်ငံ ဟနွိုင်းမြို့တော်တို့အထိပါ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ကပ်လျက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်းက မြို့နယ်ပေါင်း ၂၃ မြို့မှာ လူနေအိမ် ၅ ထောင်ကျော် ပျက်စီးခဲ့သလို လူပေါင်း ၆၅ဝဝ ကျော် ငလျင်ဒဏ်ခံခဲ့ရတယ်လို့ တရုတ်တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုကားပြီး တရုတ်ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်မြို့မှာလည်း အပျက်အစီးတွေရှိခဲ့ပြီး အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ အပျက်အစီး အသေအပျောက် အများဆုံးရှိခဲ့တယ်ဆိုပေမဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကို သိရဖို့ကတော့ ခက်ခဲနေတုန်းဖြစ်ပါတယ်။

ကုလသမဂ္ဂ ကလေးငယ်များ ကူညီစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ UNICEF နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ကတော့ ငလျင်ဒဏ်သင့်ဒေသတွေမှာ သူတို့ရဲ့ဝန်ထမ်းတွေကို စေလွှတ်ထားပြီး ဒီအဖွဲ့တွေ အပါအဝင် ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေးအဖွဲ့တွေ အနေနဲ့ ငလျင်ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ စတင်လုပ်ဆောင်ပေးနေပြီလို့ ကုလသမဂ္ဂက မနေ့က သတင်းထုတ်ပြန်ပါတယ်။ ငလျင်ဒဏ်သင့်ဒေသမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေးအဖွဲ့တွေရဲ့ ကနဦး လေ့လာတွေ့ရှိချက်တွေအရ မြန်မာနိုင်ငံတွင်းက ငလျင်ဒဏ် အဆိုးရွားဆုံးသင့်ခဲ့တဲ့ဒေသမှာ အနည်းဆုံး အိမ်ခြေ ၄ဝဝ နဲ့ ဆေးရုံတခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ကြာသပတေးနေ့ညဦးပိုင်းက အင်အားကြီးငလျင် လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်း နောက်ဆက်တွဲ ငလျင်ငယ် ၆ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့သလို ပျက်စီးဆုံးရှုံးမှုတွေ ပိုများလာနိုင်တယ်လို့လည်း ကုလသမဂ္ဂအဖွဲ့တွေက ပြောပါတယ်။

အခု အင်အားပြင်း မြေငလျင် ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့ဆုံရာ ရွှေတြိဂံဒေသဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး အထုတ်လုပ်ဆုံးနေရာတခုပဲ ဖြစ်ပါတယ်။ အခုငလျင်ကြောင့် မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာပါ လမ်း၊ တံတားတွေနဲ့ ဆက်သွယ်ရေးတွေ ထိခိုက်ပျက်စီးခဲ့တာကြောင့် မူးယစ်ဆေး ထုတ်လုပ်မှု၊ ကုန်သွယ်မှုတွေနဲ့ ရောင်းဝယ်ဖောင်ကားမှု လုပ်ငန်းတွေမှာ ထိခိုက်ကောင်းထိခိုက်သွားနိုင်တယ် လို့ Christian Science Monitor သတင်းမှာ ဖော်ပြထားပါတယ်။

http://www.facebook.com/l/826527_ZbQ6Wik54dFzdcpsY_9w/www.voanews.com/burmese/news/Burma-earthquake-03-25-11-118687334.html
Naing Thwethitsa
Naing Thwethitsa25 March 13:22
ကြောက်စရာကြီး
Aung Myin Oo
Aung Myin Oo25 March 09:54
ငလျင်ကြောင့် သေဆုံးသူ ၁ဝ၄ ဦးဟု ဒေသခံများ ပြော
သောကြာနေ့၊ မတ်လ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၀ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေကို ဗဟိုပြုခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၇၄ ဦး ရှိကြောင်း မြန်မာအစိုးရ ရုပ်မြင်သံကြားက ထုတ်ပြန်ချိန်တွင် မျက်မြင်သက်သေများနှင့် ဒေသခံများကမူ သေဆုံးသူ ၁ဝ၄ ဦး ရှိပြီဟု သောကြာနေ့ နှောင်းပိုင်းတွင် ပြောဆိုကြသည်။

ဒေသတွင်း ကြည့်ရှု့စာရင်းကောက်ခဲ့သူနှင့် ဒေသခံများသို့ မဇ္ဈိမ မေးမြန်းချက်အရ တာချီလိတ်မြို့ အရှေ့တောင်ဘက် တာလေမြို့၌ပင် သေဆုံးသူ ၄၇ ဦး ရှိပြီး၊ မိုင်းယောင်းအုပ်စု ကျကူနီရွာ၌ ၂၂ ဦး၊ မိုင်းလင်း ၂၉ ဦး၊ တာချီလိတ် ၃ ဦးနှင့် နားယောင်း ၃ ဦး ဖြစ်သည်။ ထို့အပြင် တာလီရွာ၌ ပျောက်ဆုံးနေသူများ ရှိသည်ဟု ဒေသခံများက ဆိုသည်။

တာလေသို့ သွားရောက်ခဲ့သူ တာချီလိတ်မြို့ခံ တဦးက "တာလေက အခြေအနေ တော်တော်ဆိုးတယ်။ လမ်းဘေးမှာပဲ အခေါင်းတွေနဲ့ ထားထားတယ်" ဟု မဇ္စျိမကို ပြောသည်။

ကျကူနီရွာ၌ သေဆုံးသူများမှာ နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းထဲတွင် ကျမ်းစာသင်နေစဉ် ငလျင်လှုတ်ခတ်သဖြင့် သေဆုံးရခြင်း ဖြစ်သည်။

သောကြာနေ့ မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးနှင့်အဖွဲ့ တာလေနှင့် မိုင်းလင်းသို့ သွားရောက်ခဲ့သလို၊ တာလေမြို့ ကယ်ဆယ်ရေးတွင် စစ်သား ၃ဝဝ ခန့် ပါဝင်လုပ်ကိုင်နေခဲ့သည်။

MRTV-4 က မွန်းလွဲပိုင်း ထုတ်ပြန်ချက်တွင် တာချီလိတ်၊ တာလေ၊ နားယောင်း၊ မိုင်းလင်း၊ မိုင်းကိုး၊ ကျကူနီရွာ စသည့် ကျေးရွာများ၌ ၇၄ ဦး သေဆုံးကာ၊ ၁၁၁ ဦး ဒဏ်ရာရခဲ့ပြီး အိမ် ၂၂၄ လုံး၊ တိုက်ခန်းတွဲ ၆ ခု၊ သာသာနာ အဆောက်အအုံ ၁၁ ခု၊ အစိုးရ အဆောက်အုံ ၉ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကြာသပတေးနေ့ကတည်းက လျှပ်စစ်မီးပြတ်တောက်နေပြီး သောက်သုံးရေသန့် လုံလောက်စွာ မရသော တာလေ၌ လူအများမှာ ကွင်းပြင်များ၌ မိုးကာတဲများထိုး၍ နေကြကာ၊ မုန့်ခြောက်နှင့် ခေါက်ဆွဲခြောက်များကို အားကိုးနေရသည်။

ယူနီဆက်၊ World vision၊ ကြက်ခြေနီ၊ အမျိုးသားပြန်လည် နေရာချထားရေး အဖွဲ့များလည်း ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည်။
http://www.facebook.com/l/82652TpsrKVedrXHkGlg6uOUAxA/www.mizzimaburmese.com/news/inside-burma/7178-2011-03-25-13-02-37.html
Aung Myin Oo
Aung Myin Oo25 March 09:54
နောက်ဆက်တွဲငလျင်ငယ်များကြောင့် တာချီလိတ်ဒေသခံများ စိုးရိမ်ပူပန်နေ
Friday, 25 March 2011 17:53 KNG

ရှမ်းပြည်နယ် အရှေ့ခြမ်း ဒေသများတွင် ယမန်နေ့ ညက ရစ်ချတ်တာစကေး ၆ ဒဿမ ၈ ရှိသည့် အင်အားပြင်း ငလျင် လှုပ်ခတ် ခဲ့ပြီးနောက် ငလျင်ငယ်များ ဆင့်ကဲ လှုပ်ခဲ့သည့် အတွက်၊ အဆောက်အဦများ ထပ်မံ ပြိုကျလာမည်ကို တာချီလိတ် ဒေသခံများ က အလွန်အမင်း စိုးရိမ်နေကြသည်။

ယနေ့ ည ပိုပြင်းထန်မည့် ငလျင်များ ထပ်လှုပ် နိုင်ကြောင်း ကောလဟာလများလည်း ထွက်ပေါ်နေသည်။ လူအများ ထိတ်လန့် နေကြပြီး ဘောလုံးကွင်း၊ ကျောင်းဝင်းထဲရှိကွင်းပြင်များနှင့် လမ်းမ များပေါ် ရောက်ရှိ နေကြသည်ဟု တာချီလိတ်မြို့မှ ဈေးသည်တဦး ကပြောသည်။
burma-earthquake-tachileik2

ငလျင် ထပ်လှုပ်လာမည်ကို စိုးရိမ်မှုကြောင့် မြက်ခင်းပြင်တွင် စုနေကြသော တာချီလိတ် ဒေသခံများ။

၎င်းက "အခု ကွင်းပြင်ကြီးမှာ၊ ပြန်လှုပ်မယ်ဆိုပြီး လိုက်အော် နေကြတယ်၊ အဲ့ဒါကြောင့် အိမ်မှာ မနေရဲလို့ ကွင်းမှာ နေတာ၊ လမ်းလည်းလျှောက်လို့ မရတော့ဘူး၊ ခြေတွေတုန်လို့" ဟု ပြောသည်။

မြန်မာစံတော်ချိန် ည ၈ နာရီခွဲ ၌ ငလျင် ဗဟိုပြု လှုပ်ခဲ့သည့် လွယ်မွေရွာသည် ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်၊ ကျိုင်းတုံမြို့နယ်၏ အရှေ့ဘက် ၃၆ မိုင်အကွာ တွင်ရှိသည်။

ယနေ့ ညနေ ၆ နာရီ အထိရရှိသည့် သတင်းများအရ ငလျင်ကြောင့် တာချီလိတ်မြို့နယ်တွင်းရှိ တာလေ နှင့် မိုင်းလင်း မြို့နယ်ခွဲများတွင် အဆောက်အဦများ ပြိုကျ ပျက်စီးမှုကြောင့် အနည်းဆုံး လူ တရာကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း ဒေသတွင်းမှ လာသော သတင်းများက ဆိုသည်။

ထို့အပြင် တာလေ နှင့် တာချီလိတ် ကို ဆက်သွယ် ထားသည့် တာလေတံတားလည်း ငလျင်ဒဏ်ကြောင့် နိမ့်ကျ ပျက်စီး သွားသဖြင့် ကျိုင်းတုံဘက်မှ ဒဏ်ရာရလူနာများ အနေဖြင့် တာချီလိတ်ဘက်သို့ ကူးလာရန် ခက်ခဲနေသည်ဟု ဒေသခံတဦးကပြောသည်။

"ကျိုင်းတုံကို သွားမယ့် ကားတွေကို ပေးမသွားဘူး၊ ကျိုင်းတုံက လာမယ့်ဟာတွေလည်း လာလို့မရဘူး၊ အဲ့ဒီမှာရှိတဲ့ လူနာတွေကလည်း ဒီကို လာဖို့ ခက်နေတယ်။" ဟု ပြောသည်။

ငလျင် လှုပ်ခတ်မှုကို ရှမ်းပြည်နယ်တခွင် သာမက ရန်ကုန်၊ မန္တလေး၊ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒေသများ နှင့် ဗီယက်နိုင်ငံ မြို့တော်ဟနွိုင်း မြို့များ အထိ ခံစားခဲ့ကြ ရသည်ဟု ဒေသဆိုင်ရာ သတင်းများတွင် ဖေါ်ပြထားသည်။
Last Updated ( Friday, 25 March 2011 18:02 ) http://www.facebook.com/l/82652k3z4j3VqLspV9--xEuALgg/www.kachinnews.com/burmese/2010-01-18-05-43-21/361-2011-03-25-12-31-18.html
View all comments
Original post
Aung Myin Oo
Aung Myin Oo24 March 10:30
(Tachilake Earthquake တာချီလိတ်ငလျင်ကြီး) မြန်မာနိုင်ငံအရှေ့ပိုင်း တာချီလိတ်မြို့ မြောက်ဖက် ၂၅ ကီလိုမီတာ အကွာ အရှေ့လောင်ဂျီကျု ၉၉.၉၄၉ နှင့် လတ္တီကျု ၂၀.၇၀၅ ကို ဗဟိုပြု၍ အင်အား ၇.၀ ရှိသော ငလျင်ကြီးတစ်ခု ၂၄ မတ်လ ၂၀၁၁ ညဦးပိုင်း ၈း၂၅ တွင် လှုပ်သွားကြောင်းသိရသည်။ငလျင်ကြောင့် လူသေဆုံးမှုရှိနိုင်သည်။ ကနဦးခန့်မှန်းချက်အရ ၄၀၀ မှ ၃၀၀၀ ထိ ရှိနိုင်သည်။ဒါဏ်ရာရ ၁၀၀၀ မှ ၅၀၀၀ ထိ ခန့်မှန်းထားသည်။
http://www.facebook.com/l/826529qldfgcAzMDnRY1BGXWTLQ/earthquake.usgs.gov/earthquakes/recenteqsww/Quakes/usc0002aes.php
ငလျင်အရှိန်ကို ရှမ်းပြည်အရှေ့ပိုင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ လာအို နှင့် ယူနန်ပြည်နယ်များ ကပါ ခံရသည်။ငလျင်လှိုင်းမှတ်တမ်းအရ အလျားလိုက်ပြတ်ရွေ့တစ်ခုအတိုင်း လှုပ်သည်ဟု သုံးသပ်သည်။ http://www.facebook.com/l/82652l0dRbyIYjGj_5lnfJEx8Kg/www.tintlwinswe.blogspot.com/

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment