Tuesday 29 March 2011

Re: [Myanmar weather watch] (၂၉-၃-၂၀၁၁)ရက်နေ့တစ်နေ့လုံး...

တောင်သူတွေလက်ထဲ ရောင်းစရာမရှိတော့ဘူးဆို ဈေးတွေတက်ပြီး တောင်သူတွေဆီကထွက်လာပြီဆို ဈေးတွေကျပြီ နိုင်ငံခြားမပို့ရတော့ဘူးဆိုရင် ဈေးတွေကျပြီ။ နိုင်ငံခြားပိုရပြီဆိုလျှင် ဈေးကြီးကြီးနဲ့ဝယ်စားကြရပြန်ပြီ။ မိုလေ၀သမကောင်းလို့ သီးနှံတွေပျက်ရင် မကောင်းလို့မ၀ယ်ချင်ကြတော့ဘူး။ သီးနှံပျက်လို့အထွက်နည်းတော့ ကုန်ချောဈေးတွေတက်လို့။ နိုင်ငံရေးမတည်ငြိမ်တော့ ကုန်ကြမ်းဝယ်မလှောင်ချင်ကြတော့ဘူး။ ကုန်ချောဈေးတွေကတော့ ခေါင်ခိုက်ပြန်ရော့။ ချမ်းသာသွားတာတော့ကုန်သည်ကြီးများ။ ဒါကြောင့် ကျွန်တော်မောင်နေ တောင်ယာအလုပ်ကို စွန့်လွှတ်လိုက်ပါသည်။
Maung Nay 30 March 06:17

Comment history
Myo Thet Paing
Myo Thet Paing29 March 22:53
ပြီးတော့ ပဲဆိုတာကလည်း နိုင်ငံခြားပို့ကုန်ပဲ..။ မြန်မာ့ပြည်တွင်းစားကုန်မှ မဟုတ်တာ..။ ဒီတော့ ပြည်ပ ဝယ်လက်ရှောင်ရင် ဈေးပြုတ်ကျတာ ထုံးစံပဲ ဗျ
Myo Thet Paing
Myo Thet Paing29 March 22:52
အဲလိုတော့ မဟုတ်ဘူးဗျ.. ဘယ်သူမှ မဝယ်ရင် ဘာဈေးတက်တက် ဘာမှ ရောင်းမထွက်ဘူးလေဗျာ..။ ပစ္စည်းအပျက်ကိုလည်း လူတွေက(ကုန်သည်တွေကိုယ်တိုင်) လည်း ရှောင်ချင်ကြပါတယ်..။ မမြင်ရသောလက် လို့ပဲပြောပါစို့ရဲ့ :)
Aung Myin Oo
Aung Myin Oo29 March 21:16
ကုန်သည်တွေကျတော့လည်း ဒီသတင်းတွေပဲနားစွင့်ပီး လေဖမ်းဒန်းစီးနေကြတာ ထစ်ကနည်းဆို ပြန်မကျတော့ဘူး :(
Myo Thet Paing
Myo Thet Paing29 March 21:09
ခုတောင် ဈေးကွက်ထဲမှာ ရေစိုပဲ နဲ့ ရေစိုဆန်ဝါတွေ တွေ့နေရတယ်..။ ရေစိုပဲ ပမာဏကတော့ မှန်းမရနိုင်သေးဘူး..။ သိရသလောက်တော့ ဧရာဝတီတိုင်းက တော်တော်များများ ရေစိုတွေမိကုန်တယ်တော့ ကြားရတယ်..။ ဈေးကွက်ထိခိုက်နိုင်တဲ့ အလားအလာလည်း ရှိနေတယ်..။ ရေစိုဆန်ကတော့ အနည်းအပါးပဲ တွေ့တယ်..။ များများတော့ မဖြစ်တန်ဘူး..။
Myo Thet Paing
Myo Thet Paing29 March 21:06
သတင်းကောင်းပဲ... မုန်တိုင်းဝင်တာပဲ ဖြစ်ဖြစ်၊ မိုးရွာတာပဲဖြစ်ဖြစ် .. မကောင်းလှဘူး..။ အထူုးသဖြင့် တောင်သူတွေအတွက်..။
Original post
Aung Myin Oo
Aung Myin Oo29 March 21:00
(၂၉-၃-၂၀၁၁)ရက်နေ့တစ်နေ့လုံး မုန်တိုင်းငယ်တစ်ခုဖြစ်လာဖို့ ခြိမ်းခြောက် နေခဲ့တဲ့ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းက လေဖိအားနည်းရပ်ဝန်းဟာ ဒီကနေ့ (၃၀-၃-၂၀၁၁)ရက်နေ့ နံနက်ပိုင်း ရောက်တဲ့အထိ မုန်တိုင်းငယ်အဆင့်ကို ရောက်မလာနိုင်ခဲ့ဘဲ လေဖိအားနည်း ရပ်ဝန်း အဖြစ်နဲ့သာ ဆက်လက်တည်ရှိ နေခဲ့ ပါတယ်။
(၃၀-၃-၂၀၁၁)ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းဟာ ရေပြင်ထဲကို ပြန်လည်ဆင်း လာနိုင်ရင်တာ့ အားပြန်ပျိုးလာစရာရှိနေတဲ့အတွက် (၃၀-၃-၂၀၁၁)တစ်နေ့လုံး စောင့်ကြည့် နေပါဦးမယ်။
U Tun Lwin, Director-General & PR of Myanmar with WMO (Retired),Meteorology/ Hydrology/ Natural Disasters/ Environ, Consultant, Myanmar Climate Change Watch, Myanmar,Chairman and Technical Advisor, Steering Committ

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment