Monday 28 March 2011

[Myanmar weather watch] New doc: နေ့စဉ်မိုးလေ၀သ သတင်း (၂၀၁၁ ခုနှစ်၊ မတ်လ(၂၉)ရက်နေ့ နံနက်(၇း၀၀)နာရီအ...

created a doc "နေ့စဉ်မိုးလေ၀သ သတင်း  (၂၀၁၁ ခုနှစ်၊ မတ်လ(၂၉)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)".
Aung Myin Oo created a doc "နေ့စဉ်မိုးလေ၀သ သတင်း (၂၀၁၁ ခုနှစ်၊ မတ်လ(၂၉)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)".

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေ၀သတိုင်းထွာချက်အကျဉ်းချုပ်။

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်း‌ဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့်  ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ နှင့်  ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

 

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်(၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ် နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။

 

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် နေရာကွက်ကျား မိုးဆက်လက်ထစ်ချုန်း ရွာမည်။

 

နေပြည်တော်နှင့်အနီးတ၀ိုက်အတွက် မနက်ဖြန်ညနေထိ ခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

 

ရန်ကုန်မြို့နှင့်အနီးတ၀ိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

 

မန္တလေးမြို့နှင့်အနီးတ၀ိုက်အတွက် မနက်ဖြန်ညနေထိ ခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

 

 

သတင်းရင်းမြစ်အားဒီနေရာမှရယူသည်။

 www.dmh.gov.mm/index.php?option=com_content&view=category&layout=blog&id=12&Itemid=3&lang=my


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment