Friday 25 March 2011

Re: [Myanmar weather watch] (Tachilake Earthquake တာချီလိတ်ငလျင်ကြီး)...

နောက်ဆက်တွဲငလျင်ငယ်များကြောင့် တာချီလိတ်ဒေသခံများ စိုးရိမ်ပူပန်နေ                                                                                                                   Friday, 25 March 2011 17:53 KNG  ရှမ်းပြည်နယ် အရှေ့ခြမ်း ဒေသများတွင် ယမန်နေ့ ညက ရစ်ချတ်တာစကေး ၆ ဒဿမ ၈ ရှိသည့် အင်အားပြင်း ငလျင် လှုပ်ခတ် ခဲ့ပြီးနောက် ငလျင်ငယ်များ ဆင့်ကဲ လှုပ်ခဲ့သည့် အတွက်၊ အဆောက်အဦများ ထပ်မံ ပြိုကျလာမည်ကို တာချီလိတ် ဒေသခံများ က အလွန်အမင်း စိုးရိမ်နေကြသည်။  ယနေ့ ည ပိုပြင်းထန်မည့် ငလျင်များ ထပ်လှုပ် နိုင်ကြောင်း ကောလဟာလများလည်း ထွက်ပေါ်နေသည်။ လူအများ ထိတ်လန့် နေကြပြီး ဘောလုံးကွင်း၊ ကျောင်းဝင်းထဲရှိကွင်းပြင်များနှင့် လမ်းမ များပေါ် ရောက်ရှိ နေကြသည်ဟု တာချီလိတ်မြို့မှ ဈေးသည်တဦး ကပြောသည်။ burma-earthquake-tachileik2  ငလျင် ထပ်လှုပ်လာမည်ကို စိုးရိမ်မှုကြောင့် မြက်ခင်းပြင်တွင် စုနေကြသော တာချီလိတ် ဒေသခံများ။  ၎င်းက
Aung Myin Oo 25 March 16:53
နောက်ဆက်တွဲငလျင်ငယ်များကြောင့် တာချီလိတ်ဒေသခံများ စိုးရိမ်ပူပန်နေ
Friday, 25 March 2011 17:53 KNG

ရှမ်းပြည်နယ် အရှေ့ခြမ်း ဒေသများတွင် ယမန်နေ့ ညက ရစ်ချတ်တာစကေး ၆ ဒဿမ ၈ ရှိသည့် အင်အားပြင်း ငလျင် လှုပ်ခတ် ခဲ့ပြီးနောက် ငလျင်ငယ်များ ဆင့်ကဲ လှုပ်ခဲ့သည့် အတွက်၊ အဆောက်အဦများ ထပ်မံ ပြိုကျလာမည်ကို တာချီလိတ် ဒေသခံများ က အလွန်အမင်း စိုးရိမ်နေကြသည်။

ယနေ့ ည ပိုပြင်းထန်မည့် ငလျင်များ ထပ်လှုပ် နိုင်ကြောင်း ကောလဟာလများလည်း ထွက်ပေါ်နေသည်။ လူအများ ထိတ်လန့် နေကြပြီး ဘောလုံးကွင်း၊ ကျောင်းဝင်းထဲရှိကွင်းပြင်များနှင့် လမ်းမ များပေါ် ရောက်ရှိ နေကြသည်ဟု တာချီလိတ်မြို့မှ ဈေးသည်တဦး ကပြောသည်။
burma-earthquake-tachileik2

ငလျင် ထပ်လှုပ်လာမည်ကို စိုးရိမ်မှုကြောင့် မြက်ခင်းပြင်တွင် စုနေကြသော တာချီလိတ် ဒေသခံများ။

၎င်းက "အခု ကွင်းပြင်ကြီးမှာ၊ ပြန်လှုပ်မယ်ဆိုပြီး လိုက်အော် နေကြတယ်၊ အဲ့ဒါကြောင့် အိမ်မှာ မနေရဲလို့ ကွင်းမှာ နေတာ၊ လမ်းလည်းလျှောက်လို့ မရတော့ဘူး၊ ခြေတွေတုန်လို့" ဟု ပြောသည်။

မြန်မာစံတော်ချိန် ည ၈ နာရီခွဲ ၌ ငလျင် ဗဟိုပြု လှုပ်ခဲ့သည့် လွယ်မွေရွာသည် ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်၊ ကျိုင်းတုံမြို့နယ်၏ အရှေ့ဘက် ၃၆ မိုင်အကွာ တွင်ရှိသည်။

ယနေ့ ညနေ ၆ နာရီ အထိရရှိသည့် သတင်းများအရ ငလျင်ကြောင့် တာချီလိတ်မြို့နယ်တွင်းရှိ တာလေ နှင့် မိုင်းလင်း မြို့နယ်ခွဲများတွင် အဆောက်အဦများ ပြိုကျ ပျက်စီးမှုကြောင့် အနည်းဆုံး လူ တရာကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း ဒေသတွင်းမှ လာသော သတင်းများက ဆိုသည်။

ထို့အပြင် တာလေ နှင့် တာချီလိတ် ကို ဆက်သွယ် ထားသည့် တာလေတံတားလည်း ငလျင်ဒဏ်ကြောင့် နိမ့်ကျ ပျက်စီး သွားသဖြင့် ကျိုင်းတုံဘက်မှ ဒဏ်ရာရလူနာများ အနေဖြင့် တာချီလိတ်ဘက်သို့ ကူးလာရန် ခက်ခဲနေသည်ဟု ဒေသခံတဦးကပြောသည်။

"ကျိုင်းတုံကို သွားမယ့် ကားတွေကို ပေးမသွားဘူး၊ ကျိုင်းတုံက လာမယ့်ဟာတွေလည်း လာလို့မရဘူး၊ အဲ့ဒီမှာရှိတဲ့ လူနာတွေကလည်း ဒီကို လာဖို့ ခက်နေတယ်။" ဟု ပြောသည်။

ငလျင် လှုပ်ခတ်မှုကို ရှမ်းပြည်နယ်တခွင် သာမက ရန်ကုန်၊ မန္တလေး၊ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒေသများ နှင့် ဗီယက်နိုင်ငံ မြို့တော်ဟနွိုင်း မြို့များ အထိ ခံစားခဲ့ကြ ရသည်ဟု ဒေသဆိုင်ရာ သတင်းများတွင် ဖေါ်ပြထားသည်။
Last Updated ( Friday, 25 March 2011 18:02 ) http://www.facebook.com/l/1c1a2DJquEE6FKBBtiftYKP5m8w/www.kachinnews.com/burmese/2010-01-18-05-43-21/361-2011-03-25-12-31-18.html
Comment history
Aung Myin Oo
Aung Myin Oo25 March 09:53
နောက်ဆက်တွဲငလျင်ငယ်များကြောင့် တာချီလိတ်ဒေသခံများ စိုးရိမ်ပူပန်နေ
Friday, 25 March 2011 17:53 KNG

ရှမ်းပြည်နယ် အရှေ့ခြမ်း ဒေသများတွင် ယမန်နေ့ ညက ရစ်ချတ်တာစကေး ၆ ဒဿမ ၈ ရှိသည့် အင်အားပြင်း ငလျင် လှုပ်ခတ် ခဲ့ပြီးနောက် ငလျင်ငယ်များ ဆင့်ကဲ လှုပ်ခဲ့သည့် အတွက်၊ အဆောက်အဦများ ထပ်မံ ပြိုကျလာမည်ကို တာချီလိတ် ဒေသခံများ က အလွန်အမင်း စိုးရိမ်နေကြသည်။

ယနေ့ ည ပိုပြင်းထန်မည့် ငလျင်များ ထပ်လှုပ် နိုင်ကြောင်း ကောလဟာလများလည်း ထွက်ပေါ်နေသည်။ လူအများ ထိတ်လန့် နေကြပြီး ဘောလုံးကွင်း၊ ကျောင်းဝင်းထဲရှိကွင်းပြင်များနှင့် လမ်းမ များပေါ် ရောက်ရှိ နေကြသည်ဟု တာချီလိတ်မြို့မှ ဈေးသည်တဦး ကပြောသည်။
burma-earthquake-tachileik2

ငလျင် ထပ်လှုပ်လာမည်ကို စိုးရိမ်မှုကြောင့် မြက်ခင်းပြင်တွင် စုနေကြသော တာချီလိတ် ဒေသခံများ။

၎င်းက "အခု ကွင်းပြင်ကြီးမှာ၊ ပြန်လှုပ်မယ်ဆိုပြီး လိုက်အော် နေကြတယ်၊ အဲ့ဒါကြောင့် အိမ်မှာ မနေရဲလို့ ကွင်းမှာ နေတာ၊ လမ်းလည်းလျှောက်လို့ မရတော့ဘူး၊ ခြေတွေတုန်လို့" ဟု ပြောသည်။

မြန်မာစံတော်ချိန် ည ၈ နာရီခွဲ ၌ ငလျင် ဗဟိုပြု လှုပ်ခဲ့သည့် လွယ်မွေရွာသည် ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်၊ ကျိုင်းတုံမြို့နယ်၏ အရှေ့ဘက် ၃၆ မိုင်အကွာ တွင်ရှိသည်။

ယနေ့ ညနေ ၆ နာရီ အထိရရှိသည့် သတင်းများအရ ငလျင်ကြောင့် တာချီလိတ်မြို့နယ်တွင်းရှိ တာလေ နှင့် မိုင်းလင်း မြို့နယ်ခွဲများတွင် အဆောက်အဦများ ပြိုကျ ပျက်စီးမှုကြောင့် အနည်းဆုံး လူ တရာကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း ဒေသတွင်းမှ လာသော သတင်းများက ဆိုသည်။

ထို့အပြင် တာလေ နှင့် တာချီလိတ် ကို ဆက်သွယ် ထားသည့် တာလေတံတားလည်း ငလျင်ဒဏ်ကြောင့် နိမ့်ကျ ပျက်စီး သွားသဖြင့် ကျိုင်းတုံဘက်မှ ဒဏ်ရာရလူနာများ အနေဖြင့် တာချီလိတ်ဘက်သို့ ကူးလာရန် ခက်ခဲနေသည်ဟု ဒေသခံတဦးကပြောသည်။

"ကျိုင်းတုံကို သွားမယ့် ကားတွေကို ပေးမသွားဘူး၊ ကျိုင်းတုံက လာမယ့်ဟာတွေလည်း လာလို့မရဘူး၊ အဲ့ဒီမှာရှိတဲ့ လူနာတွေကလည်း ဒီကို လာဖို့ ခက်နေတယ်။" ဟု ပြောသည်။

ငလျင် လှုပ်ခတ်မှုကို ရှမ်းပြည်နယ်တခွင် သာမက ရန်ကုန်၊ မန္တလေး၊ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒေသများ နှင့် ဗီယက်နိုင်ငံ မြို့တော်ဟနွိုင်း မြို့များ အထိ ခံစားခဲ့ကြ ရသည်ဟု ဒေသဆိုင်ရာ သတင်းများတွင် ဖေါ်ပြထားသည်။
Last Updated ( Friday, 25 March 2011 18:02 ) http://www.facebook.com/l/1c1a26JM-lTqm2WplONhl7RLeTg/www.kachinnews.com/burmese/2010-01-18-05-43-21/361-2011-03-25-12-31-18.html
Aung Myin Oo
Aung Myin Oo25 March 09:21
ရွေကြိဂံငလျင်သေဆုံးသူ ၁၃၀ ရှိပြီ

နောက်ဆုံးရရှိတဲ့သတင်းတွေအရ ကြာသပတေးနေ့ ညဦးပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေမြို့အနီးမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၁၃၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးခဲ့သူတွေဟာ တာချီလိတ်မြို့အနီးပတ်ဝန်းကျင်က တာလေမြို့၊ မိုင်းလင်းနဲ့ ကျကူညီရွာတွေက ဖြစ်ပါတယ်။ မနေ့ည ၈ နာရီခွဲလောက်မှာ ပြင်းအား အဆင့် ၇ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်ကြီး လှုပ်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲ ငလျင်ငယ်လေးတွေဟာ ဒီနေ့ တနေ့လုံးနီးပါး ဆက်လက် လှုပ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေဟာ အထိတ်ထိတ်အလန့်လန့်နဲ့ နေနေကြရပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မနေ့ညက လှုပ်ခဲ့တဲ့ငလျင်ဟာ လွယ်မွေမြို့အနီးမှာ ဗဟိုပြုလုပ်ခတ်ခဲ့တာဖြစ်ပြီး အထိအခိုက်အများဆုံး ဖြစ်ခဲ့တာကတော့ တာချီလိတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ လောက် အကွာမှာရှိတဲ့ တာလေမြို့နဲ့ မိုင်းလင်းကျေးရွာတွေမှာ ဖြစ်ပါတယ်။

ဒီကနေ့ နေ့ခင်းပိုင်းက တာလေမြို့နဲ့ မိုင်းလင်းကျေးရွာကိုရောက်ရှိခဲ့တဲ့ တာချီလိတ်မြို့ခံတယောက်က အသေအပျောက်အပျက်အစီး အခြေအနေကို အခုလို ပြောပါတယ်။

"တာလေ၊ မိုင်းလင်းတော့ တော်တော်သေတယ်။ အိမ်တွေလည်း အတော်ပြိုတယ်။ ခုနလေးတင် ကျနော် အဲဒီကိုသွားလိုက်တယ်။ ကျနော်တို့ အမျိုးသေလို့လေ။ တာလေ၊ မိုင်းလင်းကိုသွားတာ။ မိုင်းလင်းမှာက ၆၀ ကျော်သေတယ်။ တာလေမှာက ၅၀ ကျော်လောက် သေတယ်။ အားလုံးပေါင်းလို့ရှိရင် လောလောဆယ် ၁၁၁ ယောက်သေတယ်။ တာချီလိတ်ဆေးရုံကိုလည်း လူပေါင်း ၆၀ ကျော် ၇၀ ကျော်လောက် တက်လာတယ်။ အိမ်ခြေက တာလေမှာ ၉၀ ကျော်၊ မိုင်းလင်းမှာ ၁၀၀ ကျော် အားလုံး ၂၀၀ နီးပါးလောက်ပြိုတယ်။"

တာချီလိတ်မြို့ မြောက်ဖက် ၁၅ မိုင်အကွာလောက်မှာရှိတဲ့ ကျကူညီခေါ် လားဟူကျေးရွာမှာလည်း အနည်းဆုံး လူ ၂၀ လောက်ဟာ ဘုရားကျောင်းပြိုကျခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံ လားဟူ အမျိုးသားတယောက်က ပြောပါတယ်။

"လောလောဆယ်ကြားတာက ၂၀ ကျော်လောက် သေသွားပြီ။ ၃၀ ကျော်လောက် ဒဏ်ရာရတယ်တဲ့။ မနေ့က သူတို့ အဲဒီမှာ နွေရာသီ လူငယ်သင်တန်းလုပ်ရင်းနဲ့ မနေ့က နောက်ဆုံးပိတ်ပွဲ၊ နုတ်ဆက်ပွဲလုပ်နေတဲ့အချိန်မှာ အဲဒီမှာ ငလျင်လာတော့။ အလောင်းတွေက ဘုရားကျောင်း အပြိုအပျက်အောက်မှာ ထုတ်နေတုန်းပဲတဲ့။"

ဒေသခံတွေရဲ့အပြောအရ လောလောဆယ်မှာ သေဆုံးသူ ၁၃၀ ကျော် ရှိပြီဖြစ်ပါတယ်။ မြန်မာ့ရုပ်သံဌာနကတော့ တာချီလိတ်နဲ့ တာလေမြို့တွေမှာ သေဆုံးသူ ၇၄ ယောက်ရှိပြီး ၁၁၁ ဦး ဒဏ်ရာရရှိကြောင်း၊ နေအိမ် ၂၄၄ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ အစိုးရရုံးအဆောက်အဦး ၉ လုံးပျက်ဆီးကြောင်း ဒီနေ့ မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

တာချီလိတ်မြို့က အာဏာပိုင်တွေနဲ့ နီးစပ်သူတယောက်ကတော့ တာလေမြို့ ဆေးရုံဟာ လုံးဝပြိုကျ ပျက်စီးသွားတယ်၊ မြို့အတွင်းက အပျက်အဆီးပုံတွေကိုလည်း ရှင်းလင်းလို့မပြီးဆုံးသေးတာကြောင့် သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ခန့်မှန်းပါတယ်။

တာလေမြို့ဘက်မှာ အထိအခိုက် အပျက်အစီးများတဲ့နေရာတွေဟာ အစိုးရစစ်တပ်တွေ အခြေစိုက်တဲ့နေရာ ဖြစ်တာကြောင့် သေဆုံးသူဟာ အရပ်သားထက် စစ်သားတွေက ပိုများနိုင်တယ်လို့လည်း သူက ခန့်မှန်းပါတယ်။

ကျိုင်းတုံ-တာချီလိတ်ကားလမ်း တာလေမြို့အနီးက တံတားအစွန်းတဘက်ဟာ ၅ ပေလောက် နိမ့်ဆင်းသွားတာကြောင့် အခုအခါ ကားကြီးတွေ ဖြတ်သန်းသွားလာလို့ မရဖြစ်နေတယ်၊ ကားငယ်နဲ့ ဆိုင်ကယ်တွေလောက်ပဲ ဖြတ်ကူးနိုင်ပြီး တံတားပြန်လည် ပြင်ဆင်တာကို အားချင်းလုပ်ဆောင်နေတယ် လို့လည်း အာဏာပိုင်တွေနဲ့နီးစပ်တဲ့ တာချီလိတ်မြို့ခံက ပြောပါတယ်။

မနေ့ည ၈ နာရီခွဲလောက်က ငလျင်ကြီး ၂ ကြိမ်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် အခုချိန်ထိ ငလျင်ငယ်လေးတွေဟာ နာရီပိုင်း၊ မိနစ်ပိုင်းခြားပြီး ဆက်တိုက်ဆိုသလို လှုပ်ခတ်နေဆဲဖြစ်ပါတယ်။ ဒေသခံအာဏာပိုင်တွေက ငလျင်ကြီး ထပ်မံလှုပ်ခတ်နိုင်တာကြောင့် လူတွေကို အိမ်ထဲမှာမနေဖို့ ဆော်သြထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ငလျင်လှုပ်ပြီးနောက် မနေ့ည ၁၁ နာရီလောက်ကစတင်ပြီး ဒေသခံအာဏာပိုင်တွေက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ဒီကနေ့မှာတော့ တာချီလိတ်မြို့ခံတွေဟာ ထမင်းထုပ်၊ သောက်ရေသန့်နဲ့ အ၀တ်အစားတွေကို ငလျင်ဒဏ်ခံရတဲ့ တာလေမြို့ဘက်ကို ပေးပို့နေပါတယ်။
http://www.facebook.com/l/1c1a256i4vPUrd8MpvORsF25dRg/www.voanews.com/burmese/news/Burma-Earthquake-03-25-11-118648444.html
Aung Myin Oo
Aung Myin Oo25 March 04:47
ရှမ်းပြည်အရှေ့ပိုင်း အားပြင်းငလျင် လူ ၁၀၀ ကျော်သေ
ရန်ပိုင် Friday, 25 March 2011 16:04

ရှမ်းပြည်အရှေ့ပိုင်း လွယ်မွေဒေသကို ဗဟိုပြု၍ ယမန်နေ့ညက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ရစ်ချတ်တာ စကေးရှိ ငလျင်ကြောင့် လူ ၁၀၀ ကျော် သေဆုံးနိုင်ကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။

News-earthquake-March-25--Yan-Pai

ငလျင် ဗဟိုချက်ပြုရာ ဒေသမြေပုံ (AP)
ငလျင်သည် မြန်မာစံတော်ချိန် ည ၈ နာရီ ခွဲခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အနီးအနားတ၀ိုက်ရှိ တာချီလိတ်၊ တာလေ၊ မိုင်းလင်း စသည့် မြို့များတွင် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်သည်။

စစ်အစိုးရ မီဒီယာများကမူ ယနေ့ မွန်းလွဲအထိ သေဆုံးသူစုစုပေါင်း ၇၄ ဦး၊ ဒဏ်ရာရသူ ၁၁၁ ဦး၊ အိမ်ခြေပေါင်း ၃၉၀၊ ဘုန်ကြီးကျောင်း ၁၄ ကျောင်းနှင့် ဌာနဆိုင်ရာ အဆောက်အဦး ၉ လုံးလည်း ပျက်စီးကြောင်း ကြေညာသည်။

သို့သော် အတည်မပြုနိုင်သေးသော ဒေသသတင်းများအရ တာလေမြို့နယ် တမြို့နယ်တည်းတွင်ပင် သေဆုံးသူ ၁၂၀ ခန့်ရှိနိုင်ကြောင်း သိရသည်။

တာလေမြို့ခံတဦး၏က အိမ်များမှာ ရှေးအိမ်အို အိမ်ဟောင်းဖြစ်သည့်အတွက် သေဆုံးသူ အများအပြားရှိခြင်း ဖြစ်ကြောင်း တာလေမြို့နယ် ဆေးရုံလည်း ပျက်စီးသွားပြီး တာလေ အခြေစိုက် ခြေမြန်တပ်ရင်း ၃၁၆ တွင်မူ စစ်တန်းလျား ပြိုကျ၍ ၁၇ ဦးသေဆုံးကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

တာလေနှင့် တာချီလိတ်အကြား ဆက်သွယ်ထားသည် တံတားတစင်းလည်း ကျွံကျ ပျက်စီးသွားကာ ကားအသွားအလာ ရပ်ဆိုင်းသွားသည့်အတွက် ဒဏ်ရရှိသည့် လူနာများကို တဖြည်ဖြည်းချင်း တာချီလိတ် ဆေးရုံသို့ ပို့နေကြောင်း ဒေသခံတဦးက ဆိုသည်။

ထိုဒေသမှ ပြည်သူများမှာ ငလျင် နောက်ဆက်တွဲ လှုပ်ခတ်မည်ကို စိုးရိမ်နေကြကြောင်း၊ ကျိုင်းတုံ၊ တာလေ၊ တာချီလိတ်သွား ကားလမ်းကို စစ်တပ်က လုံခြုံရေး အပြည့်ယူထားလိုက်ပြီး ခရီးသွားလာမှုများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ထရန်စဖော်မာ နှစ်လုံးပျက်စီးသွားသည့်အတွက် တချို့သောရပ်ကွက်များတွင် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်း၊ ပျက်စီးမှု အနည်းငယ်ရှိသော်လည်း နောက်ဆက်တွဲ ငလျင်အသေးစားများကြောင့် လူအများမှာ အဆောက်အဦးများ၊ မီးကြိုးများနှင့် လွတ်ကင်းရာ လမ်းမများပေါ်နှင့် ဘောလုံးကွင်းအတွင်း၌ ညအိပ်ခဲ့ရကြောင်း တာချီလိတ်မြို့ခံတဦးက ပြောသည်။

စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်နှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်ပါ ငလျင်ဒဏ် ရိုက်ခတ်မှုရှိခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံရှိ ငလျင်လေ့လာရေး ဌာနကလည်း ထိုင်းနိုင်ငံ ချင်းရိုင်မြို့ မြောက်ဖက် ၆၉ မိုင်အကွာရှိ ဒေသကို ဗဟိုပြုကာ အားပြင်းသည့် ငလျင် ၂ ခု လှုပ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး မြို့တော် ဘန်ကောက်နှင့် ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းရှိ ပြည်သူများ လမ်းမများပေါ်သို့ ထွက်ပြေးကြကြောင်း သတင်းများက ဖော်ပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ဂျပန်နိုင်ငံ အရှေ့မြောက်ဒေသတွင် ပြင်းအား ၈.၉ မဂ္ဂနီကျု အဆင့်ရှိ တိုဟိုကု (Tohoku) ငလျင်ကြီးကြောင့် ၄ ထပ် အဆောက်အအုံအမြင့်ခန့် မြင့်မားသည့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ပြီး အရှေ့ဘက် ကမ်းရိုးတန်းတလျှောက်တွင် ကြီးမားလှသော ပျက်ဆီးဆုံးရှုံးမှုများ၊ အသေအပျောက်များ ဖြစ်ခဲ့သည်။

ဆူနာမီ ရေလှိုင်းကြီးများကြောင့် ရှင်ဒိုင်းမြို့တွင် လူပေါင်း သောင်းချီသေဆုံးခဲ့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုများပါ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

ဂျပန်ငလျင် မတိုင်မီတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်တို့၌ ပြင်းအား ၅.၄ ရှိ ငလျင်ကြောင့် စူပါမားကတ်၊ ဟိုတယ်နှင့် အိမ်များပြိုကျရာမှ ၁၄ ဦးသေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ နယူးဇီလန်နိုင်ငံမှ ဒုတိယ အကြီးဆုံးမြို့တော် ခရစ္စချာ့ခ်ျတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်ကြောင့် ၇၅ ဦးသေဆုံးကာ အမေရိကန် ဒေါ်လာ ၁၂ ဘီလျံဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်ကိုင်း ငလျင်ကြော၊ ဂွေးချို ငလျင်ကြော၊ မိုးမိတ် ငလျင်ကြော၊ ကဘော် ငလျင်ကြော၊ မြောက်ဦး ငလျင်ကြော၊ ကျောက်ကြမ်း ငလျင်ကြော၊ ဖာပွန် ငလျင်ကြောနှင့် ဘုရားသုံးဆူ ငလျင်ကြော တို့ရှိပြီး အကြီးအကျယ်ဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်များမှာ ၁၈၃၉ ခုနှစ်တွင် လှုပ်ခတ်သည့် အင်းဝငလျင်၊ ၁၉၂၇ ခုနှစ်တွင် လှုပ်ခတ်သည့် ပဲခူးငလျင်၊ ၁၉၃၀ ခုနှစ်တွင် ဒုတိယ အကြိမ် လှုပ်ခတ်သည့် ပဲခူးငလျင်၊ ၁၉၇၅ ခုနှစ်တွင် လှုပ်ခတ်သည့် ပုဂံငလျင်တို့သည် အပျက်အစီး အကြီးမားဆုံး ဖြစ်သည်။

* တာလေကို သွားရောက်ကူညီခဲ့သူတဦးရဲ့ ပြန်လည်ပြောပြချက်

http://www.facebook.com/l/1c1a2_DUBcAN_i_czqSV2ZSUanw/www.irrawaddy.org/bur/index.ph/news/6049-2011-03-25-09-08-08
Aung Myin Oo
Aung Myin Oo25 March 01:12
ရှမ်းပြည်ငလျင် သတင်း နောက်ဆက်တွဲ
ဧရာဝတီ၊ မတ် ၂၅၊ ၂၀၁၁

ငလျင်က မြန်မာစံတော်ချိန် ၈ နာရီ ၂၉ မိနစ်မှာ လှုပ်သွားပါတယ်။ လှုပ်ခတ်သွားတဲ့အချိန်က ၅ မိနစ်လောက် ကြာပါတယ်။ ဗဟိုပြုလှုပ်သွားတာက ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နဲ့ ၃၅ မိုင်အကွာ လွယ်မွေမြို့ကို
ဗဟိုပြုပြီး လှုပ်သွားတာလို့ သိရပါတယ်။ ပြင်းအားက မြန်မာနိုင်ငံမိုးလေ၀သက တိုင်းတာလိုက်တဲ့အခါ ၇ ရစ်ခ်ျတာစကေးရှိပါတယ်။

အဲဒီနေရာတွေက အတော်ခေါင်တဲ့နေရာတွေဖြစ်တဲ့အတွက် အဆောက်အအုံကြီးတွေ၊ တိုက်ကြီးတွေတော့ မရှိလို့ အသေအပျောက်တော့ ကြီးကြီးမားမားမရှိနိုင်ဘူးလို့ နေပြည်တော်မိုးလေ၀သက ပြောပါတယ်။

ကျိုင်းတုံမြို့နယ် အေးချမ်းသာယာရေးဖွံ့ဖြိုးရေးကောင်စီက မယကလူကြီးတဦးကို ည ၁၀ နာရီမှာ ဖုန်းရပါတယ်။ ကျိုင်းတုံမှာတော့ အဆောက်အအုံတွေ မျက်နှာကြက်ကွာကျ၊ လုံးချင်းတိုက်တွေ နည်းနည်း ကွဲအက်တာတွေတော့ ရှိပါတယ်တဲ့။ လုံးဝအဆောက်အအုံပြိုသွားတာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ကျိုင်းတုံနားက တာလေမြို့မှာတော့ အပျက်အစီး အသေအပျောက် ရှိနေတယ်လို့ သိရပါတယ်။ အနည်းဆုံး လူ ၂၀ ကနေ ၃၀ အတွင်း သေဆုံးမှု ရှိနိုင်ကြောင်းနဲ့ တာလေမှာရှိတဲ့ သံလွင်မြစ်ကူးတံတား အက်သွားလို့ အသုံးပြုမရဖြစ်နေကြောင်း သိရပါတယ်။ မီးသတ်၊ ကြက်ခြေနီနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အခုမှ အဲဒီနေရာကို သွားရောက်နေကြတုန်းမို့ အသေးစိတ်ကို မသိရသေးပါဘူး။

တာချီလိတ်ကလည်း ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန်ကို ခံစားရပါတယ်တဲ့။ အသေအပျောက်စာရင်းတော့ ခုချိန်ထိ မရသေးပါဘူးတဲ့။ အချို့ အဆောက်အအုံတွေ လုံးဝပြိုသွားတယ်ပြောတယ်။ တာချီလိတ်က အိမ်ခြေလေးတွ နည်းနည်းစိတ်တော့ တဦးစ၊ နှစ်ဦးစတော့ သေနိုင်တယ်ဗျ။ ဒါပေမယ့် မနေ့က ညကြီးဆိုတော့ ဖုန်းလိုင်းတွေ ခေါ်လို့မရဘူး။

နေပြည်တော်မှာတော့ တော်တော်ကို ငလျင်လှုပ်သွားတာပါတဲ့ အစိုးရ၀န်ထမ်းတွေကပြောတာ။ ငါးမိနစ်လောက် ကြာတယ်တဲ့။ နေပြည်တော်မှာ ငလျင်လှုပ်တဲ့ပြင်းအားက ရစ်ခ်ျတာစကေး ၆ အဆင့်ကို ကျော်တယ် လို့ နေပြည်တော်မိုးလေ၀သက ပြောပါတယ်။

ဝန်ထမ်းတွေက မင်းပြောင်းမင်းလွဲကာလ ငလျင်လှုပ်တာက နိမိတ်မကောင်းဘူးလို့ပြောတယ်။

နေပြည်တော်က ပြည်တွင်းအခွန်ဦးစီးဌာနက ဦးစီးအရာရှိ အမျိုးသမီး တယောက်က "ငလျင်လုပ်တဲ့အချိန်မှာ မူးလွန်းလို့ ထိုင်နေရတယ်။ တော်တော်သိသာသာကို လှုပ်တာတဲ့။ တိုင်ကပ်နာရီတွေ ယိမ်းထိုးနေတယ်" လို့ ပြောတယ်။

အစိုးရ၀န်ထမ်း တော်တော်များများက လန့်နေကြတယ်။ သူတို့က ဗေဒင်အယူရှိတယ်။ မင်းပြောင်းမင်းလွဲကာလ ငလျင်လှုပ်တာက နမိတ်မကောင်းဘူးချည်းပဲပြောနေကြတယ်။ ၀န်ထမ်းတွေလည်း ငလျင်လှုပ်ပြီးနောက် အချင်းချင်းဖုန်းဆက်ကြ၊ ရန်ကုန်က ဆွေမျိုးတွေကို ဖုန်းဆက်ကြနဲ့ ကမ္ဘာပျက်သလိုပဲတဲ့။

ရန်ကုန်မှာတော့ အခြေအနေက အရမ်းကြီးမဆိုးဘူး။ ဒါပေမယ့် အထပ်မြင့်တိုက်မှာနေတဲ့လူတွေက ငလျင်ဒဏ်ကို ခံလိုက်ရတယ်။ တိုက်တွေ နည်းနည်းလှုပ်တယ်။ ရန်ကုန်မိုးလေ၀သက ပြောတာက ရန်ကုန်က ငလျင်ပြင်းအား ၃ ရစ်ခ်ျတာစကေးလောက် ခံလိုက်ရတယ်တဲ့။ ခြောက်ထပ်၊ ရှစ်ထပ်နေတဲ့သူတွေ နောက်ဆက်တွဲ ငလျင်လှုပ်မှာ ကြောက်လို့ အကုန်လုံးပြေးဆင်းလာကြတယ်။

တောင်ကြီးက အစိုးရအရာရှိတဦးကလည်း ငလျင်ဒဏ်ကို သိသိသာသာ ခံလိုက်ရတယ်တယ်လို့ ပြောတယ်ဗျ။

ညတွင်းချင်းပဲ မြန်မာနိုင်ငံ ငလျင်ကော်မတီကို ဖုန်းဆက်ပြီးအကြောင်းကြားတော့ နေပြည်တော်နဲ့ မန္တလေးက ငလျင် အန္တရယ်အထူးစိုးရိမ်ရတယ်လို့ပြောတယ်။ ဒီမြို့တွေက စစ်ကိုင်းပြတ်ရွေ့ကြောကြီး အပေါ်မှာ ရောက်နေတယ်တဲ့။

စစ်ကိုင်းပြတ်ရွေ့ကလည်း ၁၉၃၀ ပဲခူးငလျင်ကြီးလှုပ်ပြီးကတည်းက ငလျင်ထပ်မလှုပ်တော့တာ အခုအချိန်အထိပဲဖြစ်လို့ ငလျင်မလှုပ်တာ နှစ် ၇၀ ကျော်ကြာနေပြီတဲ့။ နေပြည်တော်နဲ့ မန္တလေး ငလျင်အန္တရာယ်အရှိဆုံးလို့ ပြောတယ်။ ငလျင်လှုပ်မယ်ဆိုရင် အမြင့်ဆုံးပြင်းအား ၈ ရစ်ခ်ျတာစကေးအထိ ရှိနိုင်တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီက ပြောတယ်။

ငလျင်ကော်မတီဆိုတာက အင်ဂျင်နီယာတွေ၊ ဘူမိပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ NGO အဖွဲ့ပါ။ စစ်ကိုင်းပြတ်ရွေ့ အန္တရယ်အတော်ကြီးတယ်လို့ပြောတယ်။ အထူးသဖြင့် မန္တလေးက အစိုးရိမ်ရဆုံးပါပဲ။ တိုက်အမြင့်တွေများတယ်။ မြေသားပျော့တယ်။ မန္တလေးက လူနေထူထပ်လွန်းလို့ အရမ်းစိုးရိမ်ရပါတယ်တဲ့။

ငလျင်ကြောင့်တော့ လူတွေ တော်တော်တုန်လှုပ်ကုန်တယ်။ ဂျပန်မှာ ငလျင်လှုပ်တာကို တီဗီကပဲမြင်ခဲ့ရတာ၊ ကိုယ့်နိုင်ငံမှာ တကယ်တန်း လှုပ်လာတော့ အကုန်ကြောက်နေကြတယ်။

ဖြည့်စွက်ချက် - တာချီလိတ်မြို့နယ်အတွင်းမှာပဲရှိတဲ့ ဟောင်လိတ် ကျေးရွာစုမှာလည်း အထိအခိုက် အသေအပျောက်ရှိနိုင်ကြောင်း ထပ်မံသတင်းရပါတယ်။

ဖြည့်စွက်ချက် - စစ်အစိုးရသတင်းစာမှာတော့ တာချိတ်လိတ် ဝန်းကျင်ကျေးရွာတွေမှာ မနေ့ည လတ်တလော သတင်းများအရ ၂ ဦးသေ၊ ၆ ဦးဒဏ်ရာရကြောင်း၊ ဒဏ်ရာရသူတွေ တာချီလိတ် ဆေးရုံကို ရောက်လာကြကြောင်း၊ တာလေမှာ အိမ် ၁၅ လုံးပြိုကြောင်း ဖော်ပြထားပါတယ်။ ဒါတွေကတော့ မနေ့ညက နောက်ဆုံးရ ဖောင်ပိတ်သတင်းဖြစ်တာမို့ မပြည့်စုံသေးပါဘူး။

(နောက်ဆုံးရ အချက်အလက်များကို ဒီသတင်းထဲမှာ ဖြည့်စွက်ဖော်ပြနေပါတယ်။ စောင့်ကြည့်ဖတ်ရှုပါ။)
Moemakha Hlaing
Moemakha Hlaing25 March 00:26
သုညတစ်လုံးစီဖြုတ်ထားတာနေမယ်။ကမယ်မထင်....
View all comments
Original post
Aung Myin Oo
Aung Myin Oo24 March 10:30
(Tachilake Earthquake တာချီလိတ်ငလျင်ကြီး) မြန်မာနိုင်ငံအရှေ့ပိုင်း တာချီလိတ်မြို့ မြောက်ဖက် ၂၅ ကီလိုမီတာ အကွာ အရှေ့လောင်ဂျီကျု ၉၉.၉၄၉ နှင့် လတ္တီကျု ၂၀.၇၀၅ ကို ဗဟိုပြု၍ အင်အား ၇.၀ ရှိသော ငလျင်ကြီးတစ်ခု ၂၄ မတ်လ ၂၀၁၁ ညဦးပိုင်း ၈း၂၅ တွင် လှုပ်သွားကြောင်းသိရသည်။ငလျင်ကြောင့် လူသေဆုံးမှုရှိနိုင်သည်။ ကနဦးခန့်မှန်းချက်အရ ၄၀၀ မှ ၃၀၀၀ ထိ ရှိနိုင်သည်။ဒါဏ်ရာရ ၁၀၀၀ မှ ၅၀၀၀ ထိ ခန့်မှန်းထားသည်။
http://www.facebook.com/l/1c1a2CvSTRv6VhHNKLbtU6n21RQ/earthquake.usgs.gov/earthquakes/recenteqsww/Quakes/usc0002aes.php
ငလျင်အရှိန်ကို ရှမ်းပြည်အရှေ့ပိုင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ လာအို နှင့် ယူနန်ပြည်နယ်များ ကပါ ခံရသည်။ငလျင်လှိုင်းမှတ်တမ်းအရ အလျားလိုက်ပြတ်ရွေ့တစ်ခုအတိုင်း လှုပ်သည်ဟု သုံးသပ်သည်။ http://www.facebook.com/l/1c1a2xtH54riRjucCtbBnZsmxBw/www.tintlwinswe.blogspot.com/

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment