Sunday 27 March 2011

[Myanmar weather watch] New doc: နေ့စဉ်မိုးလေ၀သ သတင်း (၂၀၁၁ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့ နံနက် (၇း၀၀)နာရီ...

created a doc "နေ့စဉ်မိုးလေ၀သ သတင်း  (၂၀၁၁ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့ နံနက် (၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)".
Aung Myin Oo created a doc "နေ့စဉ်မိုးလေ၀သ သတင်း (၂၀၁၁ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့ နံနက် (၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)".

 ယနေ့ နံနက်(၇း၀၀)နာရီအချိန်ထိ မိုးလေ၀သတိုင်းထွာချက်အကျဉ်းချုပ်။ ယနေ့ နံနက် မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် နေရာကျဲကျဲ၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်း ခဲ့ပါသည်။ နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် မတ်လ၏ ပျမ်းမျှ အပူချိန် တို့အောက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်ထိ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင် မတ်လ၏ ပျမ်းမျှ အပူချိန်အောက် (၅)ဒီဂရီ စင်တီဂရိတ်မှ(၆)ဒီဂရီစင်တီဂရိတ်ထိ လျော့နည်းခဲ့ကာ ကျန်တိုင်းဒေသကြီး နှင့်ပြည်နယ်တို့တွင် မတ်လ၏ပျမ်းမျှအပူချိန်  ခန့်သာရှိခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကော့‌သောင်းမြို့ တွင် (၀.၃၅)လက်မ၊ မင်းတပ်မြို့တွင်(၀.၂၄)လက်မတို့ ဖြစ်ကြပါသည်။

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေ ပါသည်။

 

ဒီကနေ့မွန်းတည့်ချိန်ထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး‌အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ရွာရန်ရာနှုန်း (၆၀)ဖြစ်ပါသည်။

 

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျ‌ရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင် ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။

 

မနက်ဖြန်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ‌နေရာကွက်ကျား မိုးထစ်ချုန်းရွာ နိုင်ပါသည်။

 

နေပြည်တော်နှင့်အနီးတ၀ိုက်အတွက် ဒီကနေ့မွန်းတည့်ချိန်ထိခန့်မှန်းချက်။  နေရာကွက်ကျား မိုးအနည်း ငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း (၆၀)ဖြစ်ပါသည်။

 

ရန်ကုန်မြို့နှင့်အနီးတ၀ိုက်အတွက် ဒီကနေ့မွန်းတည့်ချိန်ထိခန့်မှန်းချက်။   နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင် ပါသည်။ ရွာရန်ရာနှုန်း (၆၀)ဖြစ်ပါသည်။

 

မန္တလေးမြို့နှင့်အနီးတ၀ိုက်အတွက် ဒီကနေ့မွန်းတည့်ချိန်ထိခန့်မှန်းချက်။    နေရာကွက်ကျား မိုး အနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း (၆၀)ဖြစ်ပါသည်။

 

 

သတင်းရင်းမြစ်အားဒီနေရာမှရယူသည်။

 www.dmh.gov.mm/index.php?option=com_content&view=category&layout=blog&id=12&Itemid=3&lang=my


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment