Thursday 31 March 2011

[Myanmar weather watch] ဦးထွန်းလွင်၏ မိုးလေဝသဝက်ဘ်ဆိုက် ဖောက်ထွင်း...

ဦးထွန်းလွင်၏ မိုးလေဝသဝက်ဘ်ဆိုက် ဖောက်ထွင်း ထိန်းချုပ်ခံရ  31/Mar/2011   E-Mail this article  ရာသီဥတု ပြောင်းလဲမှုဆိုင်ရာများနှင့် ပတ်သက်၍ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ဖြင့် သတင်းထုတ်ပြန်ချက်များ ဖြန့်ဝေလျက်ရှိသည့် မိုးလေဝသပညာရှင် ဦးထွန်းလွင်၏ ဝက်ဘ်ဆိုက်အား ယခုလ ၂၄ ရက်တွင် ပြည်ပအခြေစိုက် ဟက်ကာများက ဖောက်ထွင်းထိန်းချုပ်မှု ပြုလုပ်ခဲ့သည်။ အဆိုပါ ဟက်ကာများသည် ဦးထွန်းလွင်၏ ဝက်ဘ်ဆိုက်သို့ ဖောက်ထွင်းဝင်ရောက်၍ သတိပေးကြေညာချက် တစ်ခုကို ပင်မစာမျက်နှာတွင် ယင်းဆိုက်မှ အသုံးပြုသူများ၏ အကောင့်များနှင့် ပတ်သက်၍ လုံခြုံမှု မရှိသောကြောင့် ယင်းအချက်ကို ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားစာ ရေးသားခဲ့ပြီး မပြင်ပါက ၎င်းအင်တာနက် စာမျက်နှာအား အပြီးတိုင် ဖျက်ဆီးမည်ဟု ရေးသားသွားခဲ့သည်။ ဟက်ကာများသည် အဆိုပါ တိုက်ခိုက်မှု သတင်းအား ၎င်းတို့ ကိုယ်ပိုင် ဝက်ဘ်ဆိုက်တွင်ပါ သတင်းအဖြစ် ထည့်သွင်းထားခဲ့သည်။ ယင်းအဖွဲ့မှ ယခုလ ၁၁ ရက်ကတည်းက ဖောက်ထွင်း ဝင်ရောက်ခဲ့ပြီး ၂၄ ရက်တွင်မှ ဝက်ဘ်ဆိုက်ကို ထိန်းချုပ်၍ ယခုကဲ့သို့ ဝင်ရောက် ရေးသားသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်သည် ၎င်း၏ Myanmar Climate Change Watch(MCCW) အမည်ဖြင့် ဝက်ဘ်ဆိုက်အား ၂၀၁၀ ပြည့်နှစ်ကုန်ပိုင်းက စတင်လွှင့်တင်ခဲ့ပြီး မိုးလေဝသဆိုင်ရာ သတင်းများအား နေ့စဉ် နာရီနှင့်အမျှ ဖြန့်ဖြူးပေးလျက်ရှိရာ ပြည်တွင်းပြည်ပမှ သတင်းမီဒီယာများနှင့် လူထုအကြား လျင်မြန်စွာ ပျံ့နှံ့ခဲ့ရာ အချိန်တိုအတွင်း လူသိများခဲ့သော ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။ ဦးထွန်းလွင်သည် ၎င်း၏ http://www.facebook.com/l/e5750DVI210z_N21mrooWCb7e9Q/WWW.tunlwin.com တွင် လာနီညာဆိုင်ရာ သတင်းဆောင်းပါးများ၊ မိုးကြိုးနှင့် ငလျင်သတင်းများ တင်ဆက်ခဲ့ပြီး ပြင်ပတွင် ပျံ့နှံ့ခဲ့သော ရာသီဥတုဆိုင်ရာ ကောလာဟလ သတင်းများအား ဖြေရှင်း အသိပေးမှုများ ပြုလုပ်ခဲ့သကဲ့သို့ ၂၅ ရက် နံနက်စောစောကလည်း ရှမ်းပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ငလျင်သတင်းနှင့် ပတ်သက်၍ ပြည်တွင်းသတင်းစာ၊ ရေဒီယိုနှင့် တီဗီ အစီအစဉ်များ မထုတ်လွှင့်မီ ဖော်ပြခဲ့ကြောင်း ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ထုတ် 7 Day News ဂျာနယ် အတွဲ(၁၀)၊ အမှတ်(၄)တွင် ဖော်ပြထားပါသည်။
Shin Goun Gwep 31 March 14:10
ဦးထွန်းလွင်၏ မိုးလေဝသဝက်ဘ်ဆိုက် ဖောက်ထွင်း ထိန်းချုပ်ခံရ

31/Mar/2011

E-Mail this article
ရာသီဥတု ပြောင်းလဲမှုဆိုင်ရာများနှင့် ပတ်သက်၍ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ဖြင့် သတင်းထုတ်ပြန်ချက်များ ဖြန့်ဝေလျက်ရှိသည့် မိုးလေဝသပညာရှင် ဦးထွန်းလွင်၏ ဝက်ဘ်ဆိုက်အား ယခုလ ၂၄ ရက်တွင် ပြည်ပအခြေစိုက် ဟက်ကာများက ဖောက်ထွင်းထိန်းချုပ်မှု ပြုလုပ်ခဲ့သည်။ အဆိုပါ ဟက်ကာများသည် ဦးထွန်းလွင်၏ ဝက်ဘ်ဆိုက်သို့ ဖောက်ထွင်းဝင်ရောက်၍ သတိပေးကြေညာချက် တစ်ခုကို ပင်မစာမျက်နှာတွင် ယင်းဆိုက်မှ အသုံးပြုသူများ၏ အကောင့်များနှင့် ပတ်သက်၍ လုံခြုံမှု မရှိသောကြောင့် ယင်းအချက်ကို ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားစာ ရေးသားခဲ့ပြီး မပြင်ပါက ၎င်းအင်တာနက် စာမျက်နှာအား အပြီးတိုင် ဖျက်ဆီးမည်ဟု ရေးသားသွားခဲ့သည်။ ဟက်ကာများသည် အဆိုပါ တိုက်ခိုက်မှု သတင်းအား ၎င်းတို့ ကိုယ်ပိုင် ဝက်ဘ်ဆိုက်တွင်ပါ သတင်းအဖြစ် ထည့်သွင်းထားခဲ့သည်။ ယင်းအဖွဲ့မှ ယခုလ ၁၁ ရက်ကတည်းက ဖောက်ထွင်း ဝင်ရောက်ခဲ့ပြီး ၂၄ ရက်တွင်မှ ဝက်ဘ်ဆိုက်ကို ထိန်းချုပ်၍ ယခုကဲ့သို့ ဝင်ရောက် ရေးသားသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်သည် ၎င်း၏ Myanmar Climate Change Watch(MCCW) အမည်ဖြင့် ဝက်ဘ်ဆိုက်အား ၂၀၁၀ ပြည့်နှစ်ကုန်ပိုင်းက စတင်လွှင့်တင်ခဲ့ပြီး မိုးလေဝသဆိုင်ရာ သတင်းများအား နေ့စဉ် နာရီနှင့်အမျှ ဖြန့်ဖြူးပေးလျက်ရှိရာ ပြည်တွင်းပြည်ပမှ သတင်းမီဒီယာများနှင့် လူထုအကြား လျင်မြန်စွာ ပျံ့နှံ့ခဲ့ရာ အချိန်တိုအတွင်း လူသိများခဲ့သော ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။ ဦးထွန်းလွင်သည် ၎င်း၏ http://www.facebook.com/l/e5750DVI210z_N21mrooWCb7e9Q/WWW.tunlwin.com တွင် လာနီညာဆိုင်ရာ သတင်းဆောင်းပါးများ၊ မိုးကြိုးနှင့် ငလျင်သတင်းများ တင်ဆက်ခဲ့ပြီး ပြင်ပတွင် ပျံ့နှံ့ခဲ့သော ရာသီဥတုဆိုင်ရာ ကောလာဟလ သတင်းများအား ဖြေရှင်း အသိပေးမှုများ ပြုလုပ်ခဲ့သကဲ့သို့ ၂၅ ရက် နံနက်စောစောကလည်း ရှမ်းပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ငလျင်သတင်းနှင့် ပတ်သက်၍ ပြည်တွင်းသတင်းစာ၊ ရေဒီယိုနှင့် တီဗီ အစီအစဉ်များ မထုတ်လွှင့်မီ ဖော်ပြခဲ့ကြောင်း ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ထုတ် 7 Day News ဂျာနယ် အတွဲ(၁၀)၊ အမှတ်(၄)တွင် ဖော်ပြထားပါသည်။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment