Friday 25 March 2011

Re: [Myanmar weather watch] (Tachilake Earthquake တာချီလိတ်ငလျင်ကြီး)...

ရှမ်းပြည်ငလျင် သတင်း နောက်ဆက်တွဲ ဧရာဝတီ၊ မတ် ၂၅၊ ၂၀၁၁  ငလျင်က မြန်မာစံတော်ချိန် ၈ နာရီ ၂၉ မိနစ်မှာ လှုပ်သွားပါတယ်။ လှုပ်ခတ်သွားတဲ့အချိန်က ၅ မိနစ်လောက် ကြာပါတယ်။ ဗဟိုပြုလှုပ်သွားတာက ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နဲ့ ၃၅ မိုင်အကွာ လွယ်မွေမြို့ကို ဗဟိုပြုပြီး လှုပ်သွားတာလို့ သိရပါတယ်။ ပြင်းအားက မြန်မာနိုင်ငံမိုးလေ၀သက တိုင်းတာလိုက်တဲ့အခါ ၇ ရစ်ခ်ျတာစကေးရှိပါတယ်။  အဲဒီနေရာတွေက အတော်ခေါင်တဲ့နေရာတွေဖြစ်တဲ့အတွက် အဆောက်အအုံကြီးတွေ၊ တိုက်ကြီးတွေတော့ မရှိလို့ အသေအပျောက်တော့ ကြီးကြီးမားမားမရှိနိုင်ဘူးလို့ နေပြည်တော်မိုးလေ၀သက ပြောပါတယ်။  ကျိုင်းတုံမြို့နယ် အေးချမ်းသာယာရေးဖွံ့ဖြိုးရေးကောင်စီက မယကလူကြီးတဦးကို ည ၁၀ နာရီမှာ ဖုန်းရပါတယ်။ ကျိုင်းတုံမှာတော့ အဆောက်အအုံတွေ မျက်နှာကြက်ကွာကျ၊ လုံးချင်းတိုက်တွေ နည်းနည်း ကွဲအက်တာတွေတော့ ရှိပါတယ်တဲ့။ လုံးဝအဆောက်အအုံပြိုသွားတာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။  ဒါပေမယ့် ကျိုင်းတုံနားက တာလေမြို့မှာတော့ အပျက်အစီး အသေအပျောက် ရှိနေတယ်လို့ သိရပါတယ်။ အနည်းဆုံး လူ ၂၀ ကနေ ၃၀ အတွင်း သေဆုံးမှု ရှိနိုင်ကြောင်းနဲ့ တာလေမှာရှိတဲ့ သံလွင်မြစ်ကူးတံတား အက်သွားလို့ အသုံးပြုမရဖြစ်နေကြောင်း သိရပါတယ်။ မီးသတ်၊ ကြက်ခြေနီနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အခုမှ အဲဒီနေရာကို သွားရောက်နေကြတုန်းမို့ အသေးစိတ်ကို မသိရသေးပါဘူး။  တာချီလိတ်ကလည်း ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန်ကို ခံစားရပါတယ်တဲ့။ အသေအပျောက်စာရင်းတော့ ခုချိန်ထိ မရသေးပါဘူးတဲ့။ အချို့ အဆောက်အအုံတွေ လုံးဝပြိုသွားတယ်ပြောတယ်။ တာချီလိတ်က အိမ်ခြေလေးတွ နည်းနည်းစိတ်တော့ တဦးစ၊ နှစ်ဦးစတော့ သေနိုင်တယ်ဗျ။ ဒါပေမယ့် မနေ့က ညကြီးဆိုတော့ ဖုန်းလိုင်းတွေ ခေါ်လို့မရဘူး။  နေပြည်တော်မှာတော့ တော်တော်ကို ငလျင်လှုပ်သွားတာပါတဲ့ အစိုးရ၀န်ထမ်းတွေကပြောတာ။ ငါးမိနစ်လောက် ကြာတယ်တဲ့။ နေပြည်တော်မှာ ငလျင်လှုပ်တဲ့ပြင်းအားက ရစ်ခ်ျတာစကေး ၆ အဆင့်ကို ကျော်တယ် လို့ နေပြည်တော်မိုးလေ၀သက ပြောပါတယ်။  ၀န်ထမ်းတွေက မင်းပြောင်းမင်းလွဲကာလ ငလျင်လှုပ်တာက နိမိတ်မကောင်းဘူးလို့ပြောတယ်။  နေပြည်တော်က ပြည်တွင်းအခွန်ဦးစီးဌာနက ဦးစီးအရာရှိ အမျိုးသမီး တယောက်က
Aung Myin Oo 25 March 08:13
ရှမ်းပြည်ငလျင် သတင်း နောက်ဆက်တွဲ
ဧရာဝတီ၊ မတ် ၂၅၊ ၂၀၁၁

ငလျင်က မြန်မာစံတော်ချိန် ၈ နာရီ ၂၉ မိနစ်မှာ လှုပ်သွားပါတယ်။ လှုပ်ခတ်သွားတဲ့အချိန်က ၅ မိနစ်လောက် ကြာပါတယ်။ ဗဟိုပြုလှုပ်သွားတာက ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နဲ့ ၃၅ မိုင်အကွာ လွယ်မွေမြို့ကို
ဗဟိုပြုပြီး လှုပ်သွားတာလို့ သိရပါတယ်။ ပြင်းအားက မြန်မာနိုင်ငံမိုးလေ၀သက တိုင်းတာလိုက်တဲ့အခါ ၇ ရစ်ခ်ျတာစကေးရှိပါတယ်။

အဲဒီနေရာတွေက အတော်ခေါင်တဲ့နေရာတွေဖြစ်တဲ့အတွက် အဆောက်အအုံကြီးတွေ၊ တိုက်ကြီးတွေတော့ မရှိလို့ အသေအပျောက်တော့ ကြီးကြီးမားမားမရှိနိုင်ဘူးလို့ နေပြည်တော်မိုးလေ၀သက ပြောပါတယ်။

ကျိုင်းတုံမြို့နယ် အေးချမ်းသာယာရေးဖွံ့ဖြိုးရေးကောင်စီက မယကလူကြီးတဦးကို ည ၁၀ နာရီမှာ ဖုန်းရပါတယ်။ ကျိုင်းတုံမှာတော့ အဆောက်အအုံတွေ မျက်နှာကြက်ကွာကျ၊ လုံးချင်းတိုက်တွေ နည်းနည်း ကွဲအက်တာတွေတော့ ရှိပါတယ်တဲ့။ လုံးဝအဆောက်အအုံပြိုသွားတာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ကျိုင်းတုံနားက တာလေမြို့မှာတော့ အပျက်အစီး အသေအပျောက် ရှိနေတယ်လို့ သိရပါတယ်။ အနည်းဆုံး လူ ၂၀ ကနေ ၃၀ အတွင်း သေဆုံးမှု ရှိနိုင်ကြောင်းနဲ့ တာလေမှာရှိတဲ့ သံလွင်မြစ်ကူးတံတား အက်သွားလို့ အသုံးပြုမရဖြစ်နေကြောင်း သိရပါတယ်။ မီးသတ်၊ ကြက်ခြေနီနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အခုမှ အဲဒီနေရာကို သွားရောက်နေကြတုန်းမို့ အသေးစိတ်ကို မသိရသေးပါဘူး။

တာချီလိတ်ကလည်း ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန်ကို ခံစားရပါတယ်တဲ့။ အသေအပျောက်စာရင်းတော့ ခုချိန်ထိ မရသေးပါဘူးတဲ့။ အချို့ အဆောက်အအုံတွေ လုံးဝပြိုသွားတယ်ပြောတယ်။ တာချီလိတ်က အိမ်ခြေလေးတွ နည်းနည်းစိတ်တော့ တဦးစ၊ နှစ်ဦးစတော့ သေနိုင်တယ်ဗျ။ ဒါပေမယ့် မနေ့က ညကြီးဆိုတော့ ဖုန်းလိုင်းတွေ ခေါ်လို့မရဘူး။

နေပြည်တော်မှာတော့ တော်တော်ကို ငလျင်လှုပ်သွားတာပါတဲ့ အစိုးရ၀န်ထမ်းတွေကပြောတာ။ ငါးမိနစ်လောက် ကြာတယ်တဲ့။ နေပြည်တော်မှာ ငလျင်လှုပ်တဲ့ပြင်းအားက ရစ်ခ်ျတာစကေး ၆ အဆင့်ကို ကျော်တယ် လို့ နေပြည်တော်မိုးလေ၀သက ပြောပါတယ်။

ဝန်ထမ်းတွေက မင်းပြောင်းမင်းလွဲကာလ ငလျင်လှုပ်တာက နိမိတ်မကောင်းဘူးလို့ပြောတယ်။

နေပြည်တော်က ပြည်တွင်းအခွန်ဦးစီးဌာနက ဦးစီးအရာရှိ အမျိုးသမီး တယောက်က "ငလျင်လုပ်တဲ့အချိန်မှာ မူးလွန်းလို့ ထိုင်နေရတယ်။ တော်တော်သိသာသာကို လှုပ်တာတဲ့။ တိုင်ကပ်နာရီတွေ ယိမ်းထိုးနေတယ်" လို့ ပြောတယ်။

အစိုးရ၀န်ထမ်း တော်တော်များများက လန့်နေကြတယ်။ သူတို့က ဗေဒင်အယူရှိတယ်။ မင်းပြောင်းမင်းလွဲကာလ ငလျင်လှုပ်တာက နမိတ်မကောင်းဘူးချည်းပဲပြောနေကြတယ်။ ၀န်ထမ်းတွေလည်း ငလျင်လှုပ်ပြီးနောက် အချင်းချင်းဖုန်းဆက်ကြ၊ ရန်ကုန်က ဆွေမျိုးတွေကို ဖုန်းဆက်ကြနဲ့ ကမ္ဘာပျက်သလိုပဲတဲ့။

ရန်ကုန်မှာတော့ အခြေအနေက အရမ်းကြီးမဆိုးဘူး။ ဒါပေမယ့် အထပ်မြင့်တိုက်မှာနေတဲ့လူတွေက ငလျင်ဒဏ်ကို ခံလိုက်ရတယ်။ တိုက်တွေ နည်းနည်းလှုပ်တယ်။ ရန်ကုန်မိုးလေ၀သက ပြောတာက ရန်ကုန်က ငလျင်ပြင်းအား ၃ ရစ်ခ်ျတာစကေးလောက် ခံလိုက်ရတယ်တဲ့။ ခြောက်ထပ်၊ ရှစ်ထပ်နေတဲ့သူတွေ နောက်ဆက်တွဲ ငလျင်လှုပ်မှာ ကြောက်လို့ အကုန်လုံးပြေးဆင်းလာကြတယ်။

တောင်ကြီးက အစိုးရအရာရှိတဦးကလည်း ငလျင်ဒဏ်ကို သိသိသာသာ ခံလိုက်ရတယ်တယ်လို့ ပြောတယ်ဗျ။

ညတွင်းချင်းပဲ မြန်မာနိုင်ငံ ငလျင်ကော်မတီကို ဖုန်းဆက်ပြီးအကြောင်းကြားတော့ နေပြည်တော်နဲ့ မန္တလေးက ငလျင် အန္တရယ်အထူးစိုးရိမ်ရတယ်လို့ပြောတယ်။ ဒီမြို့တွေက စစ်ကိုင်းပြတ်ရွေ့ကြောကြီး အပေါ်မှာ ရောက်နေတယ်တဲ့။

စစ်ကိုင်းပြတ်ရွေ့ကလည်း ၁၉၃၀ ပဲခူးငလျင်ကြီးလှုပ်ပြီးကတည်းက ငလျင်ထပ်မလှုပ်တော့တာ အခုအချိန်အထိပဲဖြစ်လို့ ငလျင်မလှုပ်တာ နှစ် ၇၀ ကျော်ကြာနေပြီတဲ့။ နေပြည်တော်နဲ့ မန္တလေး ငလျင်အန္တရာယ်အရှိဆုံးလို့ ပြောတယ်။ ငလျင်လှုပ်မယ်ဆိုရင် အမြင့်ဆုံးပြင်းအား ၈ ရစ်ခ်ျတာစကေးအထိ ရှိနိုင်တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီက ပြောတယ်။

ငလျင်ကော်မတီဆိုတာက အင်ဂျင်နီယာတွေ၊ ဘူမိပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ NGO အဖွဲ့ပါ။ စစ်ကိုင်းပြတ်ရွေ့ အန္တရယ်အတော်ကြီးတယ်လို့ပြောတယ်။ အထူးသဖြင့် မန္တလေးက အစိုးရိမ်ရဆုံးပါပဲ။ တိုက်အမြင့်တွေများတယ်။ မြေသားပျော့တယ်။ မန္တလေးက လူနေထူထပ်လွန်းလို့ အရမ်းစိုးရိမ်ရပါတယ်တဲ့။

ငလျင်ကြောင့်တော့ လူတွေ တော်တော်တုန်လှုပ်ကုန်တယ်။ ဂျပန်မှာ ငလျင်လှုပ်တာကို တီဗီကပဲမြင်ခဲ့ရတာ၊ ကိုယ့်နိုင်ငံမှာ တကယ်တန်း လှုပ်လာတော့ အကုန်ကြောက်နေကြတယ်။

ဖြည့်စွက်ချက် - တာချီလိတ်မြို့နယ်အတွင်းမှာပဲရှိတဲ့ ဟောင်လိတ် ကျေးရွာစုမှာလည်း အထိအခိုက် အသေအပျောက်ရှိနိုင်ကြောင်း ထပ်မံသတင်းရပါတယ်။

ဖြည့်စွက်ချက် - စစ်အစိုးရသတင်းစာမှာတော့ တာချိတ်လိတ် ဝန်းကျင်ကျေးရွာတွေမှာ မနေ့ည လတ်တလော သတင်းများအရ ၂ ဦးသေ၊ ၆ ဦးဒဏ်ရာရကြောင်း၊ ဒဏ်ရာရသူတွေ တာချီလိတ် ဆေးရုံကို ရောက်လာကြကြောင်း၊ တာလေမှာ အိမ် ၁၅ လုံးပြိုကြောင်း ဖော်ပြထားပါတယ်။ ဒါတွေကတော့ မနေ့ညက နောက်ဆုံးရ ဖောင်ပိတ်သတင်းဖြစ်တာမို့ မပြည့်စုံသေးပါဘူး။

(နောက်ဆုံးရ အချက်အလက်များကို ဒီသတင်းထဲမှာ ဖြည့်စွက်ဖော်ပြနေပါတယ်။ စောင့်ကြည့်ဖတ်ရှုပါ။)
Comment history
Aung Myin Oo
Aung Myin Oo25 March 01:12

Moemakha Hlaing
Moemakha Hlaing25 March 00:26
သုညတစ်လုံးစီဖြုတ်ထားတာနေမယ်။ကမယ်မထင်....
Ei Aye
Ei Aye24 March 23:44
ရှမ်းပြည်အရှေ့ပိုင်းငလျင် နောက်ဆုံးရ သတင်းများ
စစ်အစိုးရမီဒီယာများ၏ ယခုကြေညာသွားချက်အရ ရှမ်းပြည်အရှေ့ပိုင်း ငလျင်ကြောင့် ၆၃ ဦးသေ၊ ၁၀၆ ဦး ဒဏ်ရာရ၊ အိမ်အလုံး ၃၉၀၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနှင့် ဌာနဆိုင်ရာ အဆောက်အအုံ ၉ လုံးတို့ ပျက်စီး
ကြောင်...း သိရသည်။
Aung Myin Oo
Aung Myin Oo24 March 23:44
နေ့ ၁း၀၀ နာရီ - ဒဏ်ရာရသူ ၄၀၊ သေဆုံးသူ ၅၀ ထက်မနည်း ရှိသည်ဟု တာချီလိတ်အာဏာပိုင်တဦးက သောကြာနေ့တွင် ပြောကြောင်း AFP က ဆိုသည်။ (MSNBC သတင်း)

ပျက်စီးသည့် အဆောက်အအုံပေါင်း ၁၀၀ ကျော်မည်ဟု တာချီလိတ် အာဏာပိုင်တဦးက Reuters ကို ပြောသည်။ (MSNBC သတင်း)

ငလျင်ဗဟိုနှင့် နီးသည့် တာလေ၊ မိုင်းလင်း မြို့များ (Tarlay and Mine Lin) တွင် သေဆုံးသူ ဒါဇင်နှင့်ချီကြောင်း အရာရှိတဦးက AFP ကို ပြောသည်။ ပြိုသည့် အဆောက်အအုံပေါင်း ၁၃၀ ကျော်မည်ဟု ဆိုသည်။ (MSNBC သတင်း)

"မိုင်းလင်းမှာလည်း ၁၃ ဦးလောက် သေပါတယ်" ဟု ဒေသခံတဦးက ပြောသည်။ (Eleven သတင်း)

နံနက် ၉း၀၀ နာရီ - နယ်စပ်ငလျင်တွင် သေဆုံးသူ ၂၅ ဦးထက်မနည်း ရှိသည်ဟု AFP သတင်းတပုဒ်တွင် ဖော်ပြထားသည်။ တာချီလိတ်အနီးရှိ တာလေမြို့တွင် ၂၄ ဦး (ကျား ၁၁၊ မ ၁၃) သေဆုံးကြောင်း မြန်မာအရာရှိတဦး၏ ပြောဆိုချက်ကို AFP တွင် ရေးထားသည်။ သေဆုံးမှု ပမာဏ ထိုထက်ပိုနိုင်သည်ဟု ဆိုသည်။

"မြို့ထဲမှာ ဘုန်းကြီးကျောင်း ၅ ကျောင်း၊ အဆောက်အအုံ ၃၅ ခု ပြိုလဲသွားတယ်၊ ပြိုတော့ အဲဒီမှာ သေကြရတာပါ" ဟု ထိုအရာရှိက ပြောပြသည်။ လမ်းများ ပျက်စီးသွားသဖြင့် သွားလာရ ခက်ခဲသည်ဟု ဆိုသည်။

နံနက် ၆း၀၀ နာရီ - ထိုင်းမြန်မာနယ်စပ်တွင် ငလျင်လှုပ်သဖြင့် အနည်းဆုံး ၂ ဦး သေဆုံးကြောင်း ၂ နိုင်ငံအရာရှိများက AFP သတင်းဌာနကို ပြောသည်။ သေဆုံးသူထဲတွင် ကလေးတဦးလည်း ပါဝင်သည်ဟု ဆိုသည်။

"တာချီလိတ်မှာ ကလေးတယောက် သေတယ်လို့ သိရတယ်။ အိမ်ပြိုလို့ သေသွားတာ" ဟု အရာရှိတဦးက ပြောကြောင်း AFP သတင်းတပုဒ်အရ သိရသည်။

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် အပြင်းအထန် ဒဏ်ရာရသူ ၃ ဦးရှိသည်ဟုလည်း သူက ဆိုသည်။

"ရပ်ကွက်အာဏာပိုင်တွေကတော့ လော်စပီကာနဲ့ လိုက်ကြေညာရတယ်၊ အိမ်တွေထဲမှာ မနေကြဖို့ပေါ့" ဟု သူက ရှင်းပြသည်။

ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ ထိုင်းဘက်တွင် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးသည်ဟု သိရသည်။

ငလျင်က ရှမ်းပြည်နယ်ရှိ ကျိုင်းတုံမြို့တွင်လည်း လှုပ်သွားကြောင်း AP သတင်းတပုဒ်တွင် ရေးထားသည်။ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ကျိုင်းတုံဆေးရုံဝန်ထမ်းများကို ကိုးကားပြီး ရေးသားထားသည်။ အပျက်အစီး အနည်းအကျဉ်းသာ ရှိသည်ဟု မျက်မြင်သက်သေများက ပြောကြောင်း၊ သို့သော်လည်း ငလျင်ကြောင့် ဒေသခံများ ထိတ်လန့်နေကြသည်ဟု ဆိုသည်။

"လူတွေ အိမ်အပြင်ဘက်ထွက်ပြေးပြီး မြေပေါ်မှာ ၀ပ်နေကြတယ်" ဟု ကျိုင်းတုံဒေသခံတဦးက AP ကို ပြောသည်။

"ငလျင်အသေးလေးတွေ ထပ်ထပ်လှုပ်နေလို့ မြေကြီးပေါ်မှာ ဒီအတိုင်း ထိုင်နေကြတယ်၊ တချို့အိမ်တွေဆို တီဗီအင်တာနာတိုင်တွေလဲကုန်တယ်၊ ဘုရားစင်တွေလည်း ပြုတ်ကျတယ်" ဟု သူက ဆက်ပြောပြသည်။

နေပြည်တော်တွင်လည်း ငလျင်လှုပ်သဖြင့် အိမ်ထဲမှ ထွက်ပြေးကြရသည်ဟု AP သတင်းတွင် ရေးထားသည်။ http://www.facebook.com/l/1c1a2GFPqfB1Nc8YkQ_0LbD9ZHg/moemaka.com/index.php?option=com_content&task=view&id=8458&Itemid=1
Aung Myin Oo
Aung Myin Oo24 March 23:40
မြန်မာ၊ ထိုင်းနဲ့ လောနိုင်ငံ ထိစပ်နေတဲ့ ရွှေတြိဂံဒေသမှာ ဗဟိုပြု လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြောင့် ထိုင်း၊ မြန်မာနယ်စပ်က မယ်ဆိုင်မြို့မှာ လူတယောက် သေဆုံးခဲ့ရပြီး တာချီလိတ်မြို့မှာလည်း အနည်းဆုံး ကလေးတယောက် သေဆုံးပြီး ၆ ယောက်လောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငလျင်လှုပ်ပြီး နောက်ပိုင်းမှာ တာချီလိတ်မြို့မှာ ဖုန်းလိုင်းနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်နေတာကြောင့် လူတွေဟာ အိမ်အထဲမှ လမ်းမတွေပေါ်မှာ ထွက်နေကြရပါတယ်။ ကြာသပတေးနေ့ ညဦးပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့နဲ့ မိုင် ၇၀ လောက်အကွာ ရွှေတြိဂံဒေသကို ဗဟိုပြုပြီး မနေ့ည ၈ နာရီခွဲလောက်က အင်အားပြင်းထန်တဲ့ ငလျင် ၂ ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။ ဒီငလျင်တွေရဲ့ ပြင်းအားကိုတော့ အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာနက ပြင်းအားအဆင့် ရစ်ခ်ျစတာစကေး ၇ ရှိတယ်လို့ အစောပိုင်းက သတင်းထုတ်ပြန်ပြီး နောက်ပိုင်းမှာတော့ ထိုင်း မိုးလေ၀သ ဌာနက ပြင်းအား ၆.၈ ရှိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒီလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိုင်းနယ်စပ်က မြန်မာနိုင်ငံ တာချီလိတ်မြို့မှာတော့ ကလေးတယောက် သေဆုံးပြီး လူ ၆ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

"ကလေးတယောက် သေတယ်။ နောက် လူ ၆ ယောက်လောက် ဆေးရုံမှာ ဒဏ်ရာနဲ့ ရောက်နေတယ်။"

ဒီလို သေဆုံး ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ ငလျင်လှုပ်ပြီးနောက်ပိုင်း တာချီလိတ်မြို့မှာ တယ်လီဖုန်းလိုင်းနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ပါတယ်။ တာချီလိတ်မြို့နဲ့ ကပ်လျက်တည်ရှိတဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာလည်း အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ မယ်ဆိုင်မှာ နေထိုင်နေသူ တယောက်က အခုလို ပြောပါတယ်။

"ကျနော်တို့ အနီးအနားမှာတော့ အထိအခိုက် မရှိဘူး။ ကျနော်တို့နဲ့ နည်းနည်းလေးဝေးတဲ့ နေရာက ဗလီရှိတဲ့ ရပ်ကွက်မှာက အုတ်နံရံတခု ပြိုကျသွားပြီး လူတယောက်သေတယ်။ မယ်ဆိုင်မှာ လူတယောက်သေတယ်။ အမျိုးသမီး တယောက်ပဲ။ ဒါ ဒီအနီးအနားကပဲ ကြားသေးတာပေါ့နော်။ ကျန်တဲ့နေရာတော့ မသိသေးဘူး။ ဘာလို့လဲဆိုတော့ ဒီမှာ ညကလည်း ၁၀ နာရီ၊ ၁၁ နာရီ ဖြစ်နေတာ ဆိုတော့လေ။ တော်ရုံတန်ရုံ ဘယ်သူမှလည်း မပြင်မထွက်ကြတော့ မပြောနိုင်သေးဘူးလေ၊ ဘယ်နားမှာ ဘာဖြစ်တယ်ဆိုတာ။"

ငလျင်ကြီး ၂ ကြိမ် လှုပ်ပြီးတဲ့နောက်မှာ ငလျင်ငယ်လေးတွေ ဆက်တိုက်လှုပ်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

"၂ ကြိမ်မှာ ပထမတကြိမ်က တော်တော်ပြင်းပြင်းထန်ထန် လှုပ်ပြီးတာနဲ့ ခဏလေးနေတော့ နောက်တကြိမ် ထပ်လှုပ်တယ်လေ။ ထပ်လှုပ်ပြီးတဲ့ အပြင်ကို အခုထိလည်း တချက်တချက် လှုပ်တုန်းပဲ။ ကျနော်တို့ဆို အပြင်မှာပဲ၊ အထဲမှာ ထိုင်မနေရဲဘူးပေါ့။ အခုထက်ထိ ဆိုရင်က ၄ ကြိမ်လောက် ရှိနေပြီ။"

မြန်မာစံတော်ချိန် ည ၁၀ နာရီကျော်လောက်မှာလည်း အတော်အတန် ပြင်းအားရှိတဲ့ ငလျင်တကြိမ် ထပ်မံ လှုပ်ခတ်ခဲ့တာကိုတော့ တာချီလိတ် ဒေသခံတယောက်က အခုလို ပြောပါတယ်။

"ငလျင်တွေ တအားလှုပ်နေတယ်။ ခုနလေးပဲ လှုပ်သွားတယ်။ ၈ နာရီ ၂၀ လောက်ကနေ စလှုပ်တာပေါ့။ အိမ်တွေ တော်တော်များများ တုန်ခါသွားတာပေါ့။ စံစိုင်းမှာဆို အိမ်တအိမ် အက်သွားတာပေါ့၊ တိုက်ကြီးက။ ညတွင်းချင်းတော့ ဘယ်မှ မသွားရဲဘူး။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေ၊ လမ်းဘေးမှာ တက်ထိုင်နေကြတာပဲ။ ၈ နာရီလောက်မှာ အပြင်းဆုံး တကြိမ်၊ နောက်တခါ ၉ နာရီလောက်မှာ တကြိမ်၊ နောက်တော့ အသေးလေးတွေ အသေးလေးတွေ လှုပ်ပြီး ခု ခဏလေးပဲ ၂ မိနစ်လောက်ပဲ ရှိသေးတယ်။ နည်းနည်း ပြင်းပြင်းတချက် လှုပ်သွားပြန်တယ်။ အခုလှုပ်နေတယ် အခုလှုပ်နေတယ်။ တအားနဲ့ လှုပ်နေတယ်။ တအားပြင်းတယ် တအားပြင်းတယ် အခု။ လူတွေ အကုန်ပြေးဆင်းကုန်ပြီ။ အကုန် လမ်းမပေါ်ရောက်နေပြီ။"

ဒီလှုပ်ခတ်မှုကတော့ ပထမဆုံးအကြိမ် လှုပ်ခတ်တာလောက် မပြင်းဘူးလို့ မယ်ဆိုင်မှာ နေထိုင်သူက ပြောပါတယ်။

"ပထမဆုံး ဖြစ်တာထက်စာရင် နည်းနည်းတော့ နည်းတယ်။ ဒါပေမဲ့ ပြင်းတော့ ပြင်းတယ်။ စက္ကန့်ပိုင်းလေးပဲ ဖြစ်ပြီးတော့ ငြိမ်သွားတယ်။ ဒါပေမဲ့ အောက် မြေကြီးက အခုထက်ထိ တုန်နေတုန်းပဲ။"

ဒါကတော့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲလောက်က ဖြေဆိုသွားတာ ဖြစ်ပါတယ်။

ဒီလို မြေငလျင်တွေ ဆက်တိုက်လှုပ်ခဲ့တာကြောင့် တာချီလိတ်နဲ့ မယ်ဆိုင်က ဒေသခံတွေဟာ အိမ်အတွင်းမှာ မအိပ်ရဲဘဲ လမ်းမတွေပေါ်မှာ အိပ်နေကြရပါတယ်။

ရွှေတြိဂံဒေသမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ တရုတ်၊ မြန်မာ နယ်စပ်က ရွှေလီ၊ မြန်မာပြည် အလယ်ပိုင်းက စစ်ကိုင်း၊ ကယားပြည်နယ် လွိုင်ကော်၊ ပဲခူးမြို့ကြီးတွေအပြင် ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ ဘန်ကောက်မြို့တွေမှာလည်း သက်ရောက်မှု ရှိခဲ့ပါတယ်။ အခုဖြစ်တဲ့ ငလျင်ဟာ ကုန်းတွင်းပိုင်းမှာ ဖြစ်ပွားခဲ့တာကြောင့် ဆူနာမီ သတိပေးချက်တွေတော့ ထုတ်ပြန်တာ မရှိခဲ့ပါဘူး။ http://www.facebook.com/l/1c1a2XUL04cnzaDCHDtL8g9LwWA/www.voanews.com/burmese/news/golden-triangle-earthquake-118625814.html
View all comments
Original post
Aung Myin Oo
Aung Myin Oo24 March 10:30
(Tachilake Earthquake တာချီလိတ်ငလျင်ကြီး) မြန်မာနိုင်ငံအရှေ့ပိုင်း တာချီလိတ်မြို့ မြောက်ဖက် ၂၅ ကီလိုမီတာ အကွာ အရှေ့လောင်ဂျီကျု ၉၉.၉၄၉ နှင့် လတ္တီကျု ၂၀.၇၀၅ ကို ဗဟိုပြု၍ အင်အား ၇.၀ ရှိသော ငလျင်ကြီးတစ်ခု ၂၄ မတ်လ ၂၀၁၁ ညဦးပိုင်း ၈း၂၅ တွင် လှုပ်သွားကြောင်းသိရသည်။ငလျင်ကြောင့် လူသေဆုံးမှုရှိနိုင်သည်။ ကနဦးခန့်မှန်းချက်အရ ၄၀၀ မှ ၃၀၀၀ ထိ ရှိနိုင်သည်။ဒါဏ်ရာရ ၁၀၀၀ မှ ၅၀၀၀ ထိ ခန့်မှန်းထားသည်။
http://www.facebook.com/l/1c1a2XKRMCb9OtBmTYACb7GgHiQ/earthquake.usgs.gov/earthquakes/recenteqsww/Quakes/usc0002aes.php
ငလျင်အရှိန်ကို ရှမ်းပြည်အရှေ့ပိုင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ လာအို နှင့် ယူနန်ပြည်နယ်များ ကပါ ခံရသည်။ငလျင်လှိုင်းမှတ်တမ်းအရ အလျားလိုက်ပြတ်ရွေ့တစ်ခုအတိုင်း လှုပ်သည်ဟု သုံးသပ်သည်။ http://www.facebook.com/l/1c1a2bbFiogdE4Xjf0ZkhzhSnpQ/www.tintlwinswe.blogspot.com/

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment