Thursday 31 March 2011

[Myanmar weather watch] New doc: ၂၀၁၂တောင်ရောက်ပါတော့မလား??

created the doc: "၂၀၁၂တောင်ရောက်ပါတော့မလား??"
Rozoner King created the doc: "၂၀၁၂တောင်ရောက်ပါတော့မလား??"

[mrsorcerer:3935]

 

ကမ္ဘာကြီးကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးရဲ့ ၂၀၁၁အတွက် ပထမသုံးလပါတ် အစီအရင်ခံစာအရ ၂၀၁၁နှစ်တစ်ဝက်လောက်ရောက်ရင် ကမ္ဘာကြီးအနေနဲ့ အလွန်တရာမှ ကြီးမားတဲ့ ရာသီဥတုဖောက်လွဲဖောက်ပြန်မှုကို ထိပ်တိုက်ရင်ဆိုင်ရဖွယ်ရှိနေပါ

တယ်... အထူးသဖြင့် ပြီးခဲ့တဲ့လမှာ ဂျပန်နိုင်ငံအနီး ပစိဖိတ်သမုဒ္ဒယာအတွင်း လှုပ်ရှားသွားတဲ့ ငလျှင်ကြီးကြောင့် တောင်ဝန်ရိုးစွန်းမှာရှိတဲ့ အန္တာတိကတိုက်က နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ ရေခဲထုကြီးတွေမှာ အတွင်းအက်ကွဲမှုတွေဖြစ်ပေါ်သွားခဲ့တဲ့အပြင် ကမ္ဘာ့ဝင်ရိုးလည်းအနည်းငယ်တိမ်းစောင်းသွားတဲ့အတွက် ရေခဲပြင်နေရာရွေ့လျှားသွားမှုကြောင့် ရေခဲပမာဏတော်တော်များများ အရည်ပျော်ပြီး ပင်လယ်ကြီးများထဲ ရေပိုမိုရောက်ရှိလာပါလိမ့်မယ်... ဒါတင်မကပဲ မြေငလျှင်ဒါဏ်ကြောင့် ထွက်ပေါ်လာတဲ့ ညူကလီးယားဓာတ်ပေါင်းဖိုတွေပေါက်ကွဲမှုကြောင့် တောင်ဝင်ရိုးစွန်းအပေါ်မှာရှိနေတဲ့ အိုဇုန်းလွှာပေါက်ပြဲမှုလည်း ပိုမိုပြီးကြီးမားသွားမှာဖြစ်လို့ အန္တာတိကရေခဲပြင်ကြီး အရည်ပျော်ကျနေပြီလို့ တင်ပြခဲ့ပါတယ်... လက်ရှိအနေအထားမှာ ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးရဲ့ သက်တမ်းတစ်လျှောက်တစ်ခါမှ မကြုံဖူးတဲ့ အလွန်လျှင်မြန်တဲ့နှုန်းနဲ့ အရည်ပျော်ကျနေတဲ့ အန္တာတိက ရေခဲပြင်ကြီးဟာ လာမဲ့ ဧပြီလလယ်လောက်မှာ ပျောက်ကွယ်သွားနိုင်တယ်လို့ တွက်ချက်မှုများက ဖော်ပြနေပါတယ်... ဒါ့အပြင် ရေခဲဟာ သာမန်အနေအထားထက် ရေထဲမှာ ပိုမိုပြီးပျော်ဝင်မှုနှုန်းမြန်တဲ့အပြင် အိုဇုံးလွှာအပေါက်ကြီးမားလာခြင်း ညူကလီးယားဒါဏ်ကြောင့် ဖန်လုံအိမ်အာနိသင်တိုးပွါးလာပြီး ပိုမိုပူပြင်းလာခြင်း ဝန်ရိုးစွန်းအရွေ့ကြောင့် အအေးပိုင်းဇုံမှ သမပိုင်းဇုံအတွင်းသို့ အန္တာတိကရေခဲပြင်၏အစိတ်အပိုင်းတော်တော်များများရောက်ရှိသွားခြင်း ငလျှင်ဒါဏ်ကြောင့် ရေခဲပြင်များ ပိုမိုပြတ်ရွေ့သွားပြီး ပိုမိုပဲ့ထွက်မှုတွေကြောင့် ခန့်မှန်းထားတာထက် ပိုမိုလျှင်မြန်လိမ့်မယ်လို့ အခြားသော ပညာရှင်တစ်ဦးကထောက်ပြပြောဆိုခဲ့ပါတယ်... အန္တာတိကရေခဲပြင်ကြီးအရည်ပျော်ကျလို့ဖြစ်လာမဲ့အကျိုးဆက်အနေနဲ့ကတော့ ကမ္ဘာ့ရေထုပမာဏအလွန်တရာတိုးပွါးလာမှာဖြစ်ပြီး တောင်ကုန်းတောင်တန်းနေရာဒေသတချို့မှအပ ကျန်နေရာတော်တော်များများကို ရေလွှမ်းသွားမယ်လို့ တွက်ချက်မှုတွေကဖော်ပြပါတယ်... ကမ္ဘာ့ကုန်းမြေဟာ ၅% ထက်ပိုမကျန်လောက်အောင် ရေလွှမ်းမိုးမှုဖြစ်ပွါးမယ်လို့ ခန့်မှန်းထားပြီး အဲ့ဒီရေလွှမ်းမိုးမှုဟာ မေလအလယ်မရောက်ခင်မှာ ရပ်တန့်ပါလိမ့်မယ်တဲ့ခင်ဗျာ... ကြောက်မက်ဖွယ် အဲ့ဒီအစီအရင်ခံစာကြောင့် အီးယူနဲ့ အမေရိကန်မှ နိုင်ငံခေါင်းဆောင်တော်တော်များများ အရေးပေါ်အစည်းအဝေးကို ရက်ပိုင်းအတွင်းကျင်းပမယ်လို့ အရေးပေါ်စီစဉ်နေကြောင်း အိမ်ဖြူတော်မှ အတွင်းလူတွေပြောကြားနေကြပါတယ်ဗျာ... ရေခဲပြင်ကြီးပျောက်ကွယ်သွားလောက်အောင်အရည်ပျော်ကျမှုကြောင့် ကမ္ဘာ့ရာသီဥတုကိုထိန်းချုပ်ပေးနေတဲ့ သမုဒ္ဒရာ ရေနွေးစီးကြောင်းနဲ့ ရေအေးစီးကြောင်းများလည်း ပျက်ဆီးသွားမှာဖြစ်ပါတယ်... ဒါ့ကြောင့် ထူးဆန်းတဲ့ မိုးလေဝသအခြေအနေအတွေပေါ်ပေါက်လာပြီး အလွန်အားပြင်းတဲ့ မိုးကြိုးမုန်တိုင်းများ လေဆင်နှာမောင်းများနဲ့ ခန့်မှန်းဖို့တောင်မလွယ်တဲ့ မုန်တိုင်းကြီးများဆက်တိုက်ဖြစ်ပေါ်မယ်လို့ မိုးလေဝသတွက်ချက်မှုတွေက အဖြေထုတ်ထားပါတယ်... နောက်ဆုံးရရှိတဲ့ သတင်းအချို့အရ အင်အားကြီးနိုင်ငံအချို့က International Space Station (ISS) ပေါ်မှာ သွားရောက်နေထိုင်ပြီး အခြေအနေကိုစောင့်ကြည့်ကြဖို့ စဉ်းစားနေကြပါပြီ... သို့သော် လူအရေအတွက်မှာ အလွန်နည်းတဲ့ ပမာဏသာသွားရောက်နိုင်မှာဖြစ်ပါတယ်... ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးရဲ့ ပထမသုံးလပတ်အစီအရင်ခံထွက်ပေါ်အပြီးမှာ အဆိုပါဌာနမှ တာဝန်ရှိသူအမြောက်အများဟာ မိသားစုလိုက် အဆုံးစီရင်မှုတွေဖြစ်ပေါ်လာတဲ့အတွ

က် ဆိုးရွားလှတဲ့ ကပ်ဆိုးကြီးကို မလွှဲရှောင်နိုင်ဘူးဆိုတာ သေချာသလောက်ဖြစ်နေပါပြီလို့ ဆိုပါတယ်...

 

Source >> Click here

ယမန်နေ့ညက WWWA အဖွဲ့ကြီးမှ အဆိုပါအစီအရင်ခံစာကို ၅၀မိနစ်မျှ ၎င်းတို့ရဲ့ website မှာတင်ထားပြီး လူအမြောက်အများက ကြောက်ရွံ့နေကြတဲ့အတွက် ပြန်လည် ပယ်ဖျက်ထားတယ်လို့ ဆိုပါတယ်


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment