Saturday 26 March 2011

[Myanmar weather watch] New doc: မြေငလျင်

created a doc "မြေငလျင်".
Aung Myin Oo created a doc "မြေငလျင်".

မြေငလျင်ဆိုသည်မှာ မြေကြီးတုန်ခါမှုဖြစ်ခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ဘူမိဗေဒဘာသာရပ် တွင် မြေထုချပ် (Plate)ဟု ခေါ်သော ကျောက်သားထုချပ် နှစ်ခုသည် တစ်ခုနှင့်တစ်ခု တွန်းတိုက် မိရာမှ တစ်ခုက အခြားတစ်ခုအောက်သို့ ငုံ့လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့် အတွက် တွန့်ခေါက် လာ၍ အဆိုပါ တွန်းတိုက်သည့် နေရာတွင် အားများ တဖြည်းဖြည်း စုစည်း မိလာကာ တစ်ချိန် တွင် စုစည်းမိသော အားများ ရုတ်တရက် ရုန်းကန်၍ အဘက်ဘက်သို့ ပြန့်ထွက်သွားပါသည်။ အဆိုပါ အားများ (စွမ်းအင်အား) ဖြတ်သွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ကြားခံအရာများ အားလုံး တုန်ခါ၍ သွားသည်ကို မြေငလျင်လှုပ် သည်ဟုခေါ်ဆိုကြပါသည်။

 

မီးတောင်ပေါက်ကွဲခြင်း၊

မြေအောက်မိုင်းခွဲခြင်း၊

အာကာသမှဥက္ကာခဲကြီးများကမ္ဘာမြေပေါ်သို့ကျခြင်း၊

 

  • မြေငလျင်လှုပ်ပြီး ဖြစ်ပေါ်နိုင်သည့် နောက်ဆက်တွဲ  ဘေးအန္တရာယ်များ

(၁)     နောက်ဆက်တွဲငလျင်များ

(၂)     မြို့ပြမီးဘေးအန္တရာယ်

(၃)     ရေကာတာကြီးများကျိုးပျက်၍ ရေကြီးခြင်း

(၄)     တောင်ပြိုခြင်း၊ မြေပြိုခြင်း

(၅)     ရွံ့မီးတောင်များ ပေါက်ကွဲပန်းထွက်ခြင်း

(၆)     ဆူနာမီရေလှိုင်း ဖြစ်ပေါ်ရိုက်ခတ်ခြင်း

(၇)     ကောလဟာလ သတင်းလွှင့်ခြင်း

 

 

  • မာကယ်လီစကေးနှင့်ရစ်(ခ်)တာစကေးနှိုင်းယှဉ်ချက်

စဉ်     အင်အား  မာကယ်လီစကေး             ရစ်(ခ်)တာစကေး              ခံစားမှု

 

၁ အနည်းငယ်       ၁ မှ ၅အထိ                    ၁.၀ မှ ၄.၉အထိ         မသိမသာကလေးလှုပ်ခြင်း

 

၂ အသင့်အတင့်     ၆ မှ ၈အထိ                    ၅.၀ မှ ၅.၉အထိ         အပျက်အစီးအနည်းငယ်ရှိခြင်း

 

၃ ပြင်း                ၉ မှ ၁၀အထိ                  ၆.၀ မှ ၇.၅အထိ         အပျက်အစီးများခြင်း

 

၎ အလွန်ပြင်း         ၁၁ မှ ၁၂အထိ               ၇.၆ နှင့်အထက်         အလွန်ကြီးမားသော အပျက်အစီး နှင့်ပြင်းထန်မှုရှိခြင်း

 

  • မြေငလျင်ကြီးများ မလှုပ်မီ သဘာဝအလျောက် ကြိုတင်သိရှိနိုင်သည့် အခြေအနေများ

(၁) မြေငလျင်မလှုပ်မီ တိရိစ္ဆာန်များသည် ပုံမှန်မဟုတ်သော အပြုအမူများ ပြုမူအော်ဟစ်တတ်သည်ကို မြင်တွေ့ရခြင်း

(၂) ဆိုးဝါးသော အနံ့များရခြင်း

(၃) ရေတွင်းများ ပုံမှန်မဟုတ်ပဲ ရေခမ်းသွားခြင်း၊ ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် အပူချိန်တိုးလာခြင်း

(၄)  အကြိုငလျင်ငယ်များလုပ်ခြင်း

(၅) ငလျင်လှုပ်မည့် ဒေသအောက်တွင် တော်လဲသံများ ကြားရခြင်း

 

  • မြေငလျင် မလှုပ်မီ ဆောင်ရွက်ရန် အချက်များ

(၁) အခန်းတိုင်းတွင် လုံခြုံသောနေရာကို သိထားရမည်။

(၂) လုံခြုံသောနေရာသို့ ၀င်ရန်၊ အကာအကွယ်ယူရန်၊ ဆွဲကိုင် ထားရန် လေ့ကျင့်ထားရမည်။

(၃)   အန္တရာယ်ရှိသော နေရာများကို သိထားရမည်။

(၄) အိမ်ပြင်တွင်ရှိလျှင် လုံခြုံစိတ်ချရသော နေရာများကို သိထားရမည်။

(၅) ထွက်ပြေးရန်လမ်းကြောင်းများ၊ အရံထွက်လမ်းများကို လေ့လာ မှတ်ထားရမည်။

(၆) ရေ၊ ဓာတ်ငွေ့နှင့် လျှပ်စစ်မီးတို့ကို အရေးပေါ်ဖြတ် တောက်နိုင်မည့် နေရာများကို သိထားရမည်။

 

Last Updated on Sunday, 20 March 2011 07:39

www.dmh.gov.mm/index.php?option=com_content&view=article&id=41&lang=my


View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment